Ch 37

31.1K 2K 186
                                    

Unicode

Ch- 37

"Jame"

"ဟုတ်ကဲ့ Sean"

နာမည်ခေါ်လိုက်သည် နှင့် အလိုက်သိသည့် Jame က ကားထဲမှ ထွက်ကာ နောက်လိုက် ၇ ယောက် နှင့် ခပ်လှမ်းလှမ်းမှ ရန်ပွဲဆီဦးတည်လိုက်၏ ရှောင်းကျန့်....ကားထဲမှ ထိုင်ကြည့် ရင်း မျက်ခုံးများတွန့်ချိုးမိသည်။ ငယ်ငယ်တုန်းကလို ထိန်းရ မလွယ်ကူတော့သည့် ၀မ်ရိပေါ်တစ်ယောက် လည်သာဂျာကင်နှင့် ဂျင်းအပြဲနှင့် ၀တ်ကာ ၅ ယောက်တစ်ယောက် ရန်ပွဲကို အကြိတ်အနယ်ဆင်နွှဲနေ၏

ဒေါသတကြီး တက်ခွထိုးနေသည့်ကောင်လေးသည် သူကိုယ်တိုင်လည်းဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်၏ ၅ ယောက် ၁ ယောက်ဖြစ်သည်ကြောင့်အခြေအနေသည် ရုန်းရင်းဆန်ခတ်​နှင့်။ ဒီအခြေအနေအတိုင်းဆက်သွားလျှင် ခံရသည့်ဘက်ပိုအလေးသာလာနိုင်သည်ကြောင့် Jame ကိုရှောင်းကျန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

ရှောင်းကျန့် ကူမင်ရောက်နေသည့် ၂ ပတ်အတွင်း ပေကျင်းလမ်းမထက် ရိပေါ် ဖြစ်သည့် ရန်ပွဲသည် ၁၀ ပွဲထက်မနည်း။ တစ်ခါတစ်ရံ Jack, Zhan နှင့် ယူဘင်း ပါ ၀င်ပါခဲ့သည်ကြောင့် တိုက်ပွဲအသေးစားလေးပင်ဖြစ်သွားကြသေးသည်ဆို၏ ပေကျင်းကိုပြောင်းပြန်လှန်ဖို့ကြိုးစားနေသည့်ရိပေါ်ကြောင့် ရှောင်းကျန့် ခရီးရောက်ရောက်ချင်း ဒီကောင်လေးဆီတန်းလာရခြင်းဖြစ်သည်။

၃ မိနစ်လောက်အကြာ Jame ရှေ့ ဒူးထောက်လိုက်ရသည့် ၅ကောင်သည် မျက်နှာထက် ဖူးယောင်ပေါက်ပြဲမှုများနှင့်ဖြစ်သည်။ Jame ကိုမြင်ကတည်းက နေရာမှာပင်မရွေ့ ပဲရပ်ကာ ပတ်၀န်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသည်က ကောင်လေးရှောင်းကျန့်ကိုရှာနေလေပြီ။ ကားထဲ မျက်လုံးများမှိတ်ကာခဏနေပြီးမှ ရှောင်းကျန့်အပြင်ထွက်ခဲ့လိုက်သည်။

"Da....Daddy"

ပိုနီးကပ်လာလေ မျက်ခုံးတန်းထင်းထင်းများတွန့်ချိုးလာလေဖြစ်သည့် Daddy ကို မြင်သည်နှင့် ရိပေါ် လက်နှစ်ဖက်အနောက်ယှက်ကာ ခပ်မတ်မတ်ရပ်မိသည်။ စူးရဲရဲမျက်၀န်းတစ်စုံကိုတော့ ရိပေါ် အကြည့်မလွှဲမိ။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now