Ch 22

30.6K 1.9K 108
                                    

Unicode

ပုဂ္ဂလိကဆေးရုံ၀န်းတစ်ခုထဲ ရိပေါ်နှင့် Jack ရောက်နေကြသည်။ မယ်ရီ ကိုမှတ်ဉာဏ် တစ်ချို့ ပြန်ပေါ်လာစေဖို့ ကုထုံးအတွက် တစ်ပတ်တစ်ခါ ဆရာ၀န် နှင့် လာပြဖို့ daddy ကိုယ်တိုင် ရက်ချိန်းယူပေးထားခြင်းဖြစ်၏

Gang နှင့် ပတ်သတ်သည့် ကုသဆောင်မှ ဆရာ၀န်များကို လုံး၀ မသုံးခြင်းက မယ်ရီ့ ကို Gang နှင့် လုံး၀ မပတ်သတ်စေချင်ပုံပင်။

မယ်ရီ နှင့် doctor စကားပြောနေသည့် သီးသန့်ခန်းရှေ့ ရိပေါ်နှင့် jack ရပ်စောင့်နေသည်။ ပုံမှန်ဆို တစ်နာရီနီးပါးကြာသည်ဖြစ်ပြီး အခုတော့ ၀င်သွားတာ ဆယ်မိနစ်လောက်သာရှိသေး၏ ခပ်အေး အေးသာ နေတတ်သည့် မယ်ရီက သဘောကောင်းသည်။ ခပ်ရှည်ရှည်အရပ်နှင့် ပိန်သွယ်သွယ် ခန္ဓာကိုယ်က daddy နှင့် တူခြင်းဖြစ်သည်။

အတိတ်မှ အကြောင်းအရာ တချို့မေ့နေပေမယ့် အေးချမ်းစွာ ဘ၀ကိုဖြတ်သန်းနေရသည်က မွေးစားမိဘများ ကြောင့်ဖြစ်သည်။ လူကုန်ကူးသူများထံမှ ကယ်တင်ခံခဲ့ရပြီး မွေးစားမိဘများ၏ မွေးရပ်မြေဖြစ်သည့် နယ်သာလန်၏ မထင်မရှားနေရာသို့ ရောက်သွားသည်ကြောင့် Chan ရှာဖွေဖို့ခက်ခဲသွားရခြင်းဖြစ်သည်။

ယခုတော့ မွေးစားမိဘနှစ်ပါးဆုံးပါးသွားသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်၍ တစ်ယောက်တည်းရပ်တည်နေတုန်း William က မယ်ရီ့ကိုရှာတွေ့ခဲ့ခြင်းဖြစ်၏

California သို့ William ခေါ်ဆောင်လာပြီး ကုသပေးခြင်းကြောင့် မှတ်ဉာဏ်တချို့ ပြန်ရလာပေမယ့် အကုန်တော့မမှတ်မိ။ William ဆီရှိစဥ်က လိုလေသေးမရှိထားသည်ကို သိရသည့်အခါမှ ရိပေါ် William ဆီမှ ကောင်းကောင်း လှည့်စားခံခဲ့ရသည်ကိုသဘောပေါက်သည်။

Daddy ကို မြင်မြင်ချင်းက ဘာတော်စပ်မှန်း မသိပေမယ့် ရင်းနှီးပြီးနွေးထွေးသည့် ခံစားချက်မျိုးရသည်ဟု ရိပေါ်တို့ကို မယ်ရီပြောပြတုန်းက ပြုံးမိသေးသည်။ ရိပေါ်ကိုယ်တိုင်လည်း daddy ဆီကနွေးထွေးသည့် အငွေ့အသက်ကို အသက်ဆယ် နှစ်အရွယ်က ခံစားခဲ့ရဖူးသည်မဟုတ်ပါလား။

"Jack"

"အေး....ပြော"

နံရံကိုမှီပြီးဖုန်းကိုသဲကြီးမဲကြီးကြည့်နေသည့် Jack က ခုရက်ပိုင်း အားတာနဲ့ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေတတ်၏

Daddy's Command (Unicode+Zawgyi)Where stories live. Discover now