Ch 7

30.2K 2K 45
                                    

Unicode

"ဟူးးးးးးးးး"

မွေ့ယာပေါ်မတက်ပဲ ကြမ်းပြင်ပေါ်လှဲချလိုက်သည့် ရိပေါ်ကို Jack က ခွကျော် ၍ အာလူးကြော်ထုပ်သွားယူ၏ ပုလင်းထောင်၍ အမြည်းများနှင့် အခန်းထဲလာသာယာနေသည့် လေးကောင်လုံးကိုရိပေါ် မောင်းထုတ်ပစ်ချင်သည်။

တာ၀န်ချိန်တွင်း ပုလင်းလာထောင်နေကြောင်း ရုံးချုပ်ကိုသတင်းပေးရလျှင်လည်း ရိပေါ်အခန်းထဲဖြစ်၍ Smirt လက်စာကို နေရင်းထိုင်ရင်း ရိပေါ်ပါမိအုံးမည်။ ထို့ကြောင့်မတတ်နိုင်သည့်အဆုံး ချစ်လှစွာသောသူငယ်ချင်းလေးကောင်နှင့် ရိပေါ်ပါပူးပေါင်းရတော့၏

"ဒဏ်ရာ နည်းနည်းသက်သာတာနဲ့ အရည်ကထည့်နေပြီလား ရီဖန်း"

"နည်းနည်းပဲသောက်တာပါကွာ....အတွင်းဒဏ်ရာကျက်တယ်ကွ"

"အကြောင်းပြချက်ကတော့....."

"ဒါနဲ့..မင်းကြည့်ရတာ 3 ရက်လောက် ထမင်းမစားရသေးတဲ့ရုပ်နဲ့"

"ပင်ပန်းတယ်ကွာ"

ယူဘင်းက ပက်လက်လန်အိပ်နေသည့် ရိပေါ်ပါးစပ်ထဲ အာလူးကြော် တစ်ခုထည့်ပေးရင်း....

"ဟ.....တစ်နေ့တစ်နေ့ ကားတစ်စီးနဲ့ လည်ပတ်နေရတာကိုပင်ပန်းတာလား.....မင်းတာဝန်တွေ ငါတို့ခွဲယူပေး ထားရတာနော်"

"Gang ထဲ တစ်နေကုန် အလုပ်လုပ်တာထက် အဲ့ကလေး လျှောက်သွားတာကိုလိုက်ပေးနေရတာပိုပင်ပန်းတာကွ....ဒါတောင်တစ်ပတ်ပဲရှိသေးတယ်.... သုံးလ ဆို ငါဘယ်လိုနေရမလဲ"

"18 နှစ် က ကလေးလား ရိပေါ်...ငါတို့ဆို အဲ့အရွယ် mission တွေစလုပ်နေပြီ.... "

"ငါတို့နဲ့မတူဘူးလေကွာ....ဟိုကသခင်လေးလေ"

Zhan ရဲ့ အပြောကိုပြန်ဖြေတော့ Zhan က ပခုံးတစ်ချက်တွန့်ပြီး ပြန်သောက်နေ၏

ထိုစဥ်ရုတ်တရတ် ဖုန်းထဲဝင်လာသည့် message ကြောင့် ရိပေါ် ဖုန်းကိုဖွင့်ကြည့်မိသည်။

"Fuck....Fuck.....Fuck"

ဖုန်းကြည့်ပြီးရုတ်တရတ်ထဆဲသည့် ရိပေါ်ကြောင့် ဝိုင်းထောင်နေသည့် လေးကောင်လုံး လှည့်ကြည့်လာသည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now