Ch 25

30.2K 2.1K 161
                                    

Unicode

ရှပ်အနက်ရောင် ကို နက်ကတိုင် နက်ပြာ စတိုင်ပန် အနက်နှင့် တွဲ၀တ်ထားသည့် daddy သည် စမတ်ကျလွန်း၏ အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ရင်း တစ်ဖက်က စာရွက်တချို့ကိုင်အာရုံစိုက်နေသည့် daddy ကိုရိပေါ်ကြည့်နေမိသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သည်။

ရပ်နေသည့် ရှေ့မှန်တံခါးမှတစ်ဆင့်တိုး၀င်လာသည့်နေရောင်သည် ထိုခန့်ညားသောယောကျာ်းအပေါ်ဖြာကျ၏ ပုံကျသေသပ်သည့် နှုတ်ခမ်းတစ်စုံအောက်မှ နက်ဆွေးဆွေးမှည့်နက်ကို ရိပေါ် ထိကြည့်ချင်မိသည်။

အချိန်ခဏသာထိတွေ့နမ်းရှိုက်ခဲ့ဖူးသည့်နှုတ်ခမ်းပါးတစ်စုံသည် အမြဲ ခပ်ရဲရဲပင်။ ထင်ထင်ရှားရှားတွေ့နေရသည့် Jawline နှင့် daddy ကပြည့်စုံသည်ထက်ပင်ပိုလွန်း၏

တစ်နေရာရာသွားဖို့ပြင်ဆင်ထားပုံပေါ်သည့် daddy သည် ဒီနှစ်ပိုင်းအတွင်းအလုပ်ပိုများလာ၏ ခို၀င်ပူးပေါင်းလာကြသည့် Gang တချို့  နှင့် တချို့နိုင်ငံရေးအရှုပ်အထွေးများ​ကို daddy ကိုယ်တိုင်တိုက်ရိုက်ကိုင်တွယ်စရာမလိုလောက်အောင် Smirt နှင့် Mike ဦးဆောင်သည့် Gang ၏ အုပ်ချုပ်ရေး team ကတော်လွန်း၏ သို့သော်ကိုယ်တိုင်မျက်နှာပြမှ အဆင်ပြေမည့်ကိစ္စများအတွက် daddy ကတော့ အလုပ်ရှုပ်နေဆဲပင်။

ထထိုင်ဖို့ကြိုးစားရင်းခေါင်းထဲနောက်ကျိကာအနည်းငယ်တော့မူးဝေနေသေးပေမယ့် ဖြစ်စဥ်တစ်ချို့ကိုစဥ်းစားမိသည့်အခါ ရိပေါ် ဆတ်ကနဲထထိုင်လိုက်မိသည်။

"နိုးပြီလား ရိပေါ်"

ရိပေါ်၏လှုပ်ရှားမှုကြောင့် daddy ရပ်နေရာမှ လှည့်ကြည့်လာသည်။ စာရွက်ကိုစားပွဲပေါ်တင်၍ အနားရောက်လာသည့် daddy ကို ရိပေါ် ကြည့်မိသည်။ မွေ့ယာပေါ်တစောင်း၀င်ထိုင်သည့် daddy ကိုယ်သင်းနံ့က ရိပေါ်အလွတ်ရပြီးသားဖြစ်၏

နှုတ်ခမ်းထောင့်နား လက်မနှင့်ဖွဖွပွတ်ရင်း ကြည့်လာသည့် daddy မျက်၀န်းသည် နူးနူးညံ့ညံ့နှင့်။ အပြုံးအရယ်မဲ့တင်းတင်းစေ့ထားသည့်နှုတ်ခမ်းတစ်စုံကတော့ မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်တို့ကို သဘောမကျကြောင်းဖော်ပြနေသည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now