Ch 23

30.6K 2.1K 186
                                    

Unicode

"ယန်ယန်"

"ဟင်..."

Jame တစ်ယောက်ကိုသာခေါ်ပြီး ယန်ယန်နှင့် ထွက်လာသည့် လမ်းတွင် တစ်ဖက်ထောင့်ကပ်ထိုင်ရင်း ကားမှန်အပြင်ဘက်ငေးကြည့်နေသည့် ယန်ယန်က ပတ်တီးတစ်ဖက်စီးထားသည့် လက်ကိုကိုင်ရင်း လိုက်ပါလာသည်။ နာမည်ခေါ်တော့ကြောင်တောင်တောင်လှည့်ကြည့်လာသည်က အာရုံတွေတခြား နေရာရောက်နေသလိုပင်။

"မယ်ရီ ကိုမှတ်မိလား"

"မယ်ရီ........"

"ယန်ယန် ကို ၀က်ဝံရုပ်လေးပေးတဲ့သူလေ"

"ဟင်"

၀က်ဝံရုပ်လို့ပြောသည်နှင့် ဆတ်ကနဲလှည့်ကြည့်လာသည့် ကောင်လေးကို ရှောင်းကျန့်ခေါင်းညိတ်​ပြသည့်အခါ မျက်လုံးအဝိုင်းသားနှင့်ဖြစ်သည်။

"ကိုယ်ပြန်တွေ့ပြီ"

"တကယ်လား Sean"

"အင်း"

ရှောင်းကျန့်နားတိုးကပ်လာပြီး မျက်နှာကိုသေချာစိုက်ကြည့်နေသည်က သေချာလားဆိုသည့် မေးခွန်းမျိုးဖြစ်သည်။ သေချာသည်အတည်ပြုပြီးမှ တစ်ဖက်ပြန်ကပ်သွားသည့် ကောင်လေးကမျက်နှာ တွင် အပြုံးတစ်ခုနှင့်ဖြစ်သည်။

William အဖိုးအန္တရာယ်ကိုတိမ်းရှောင်ရစဉ်က Cobra gang ၏ကူညီဖေးမမှုဖြင့် မောင်နှမနှစ်ယောက် လုံခြုံခဲ့ရသည်။ ထိုအချိန် အသက် ၆ နှစ်သာရှိသေးသည့် ယန်ယန် က မယ်ရီ့ နားကမခွာ။

အစ်မလိုချင်ပါသည်ဆိုကာ သူ့ကိုအရင်မွေးလို့ အမေ ကိုပြဿနာအမြဲသွားရှာခဲ့သည့် ကောင်လေးသည် မယ်ရီ Gang တွင်ရှိစဉ်က သူ့အမေ သူ့အတွက်မွေးပေးထားသည့် အစ်မပါဟုယုံကြည်ခဲ့သည်လေ။မယ်ရီ ကိုယ်တိုင်ထိုးပေးခဲ့သည့် ၀က်ဝံရုပ်ကလေးကိုလက်မှမချခဲ့။

ရှောင်းကျန့် ဖခင်လုပ်ငန်းကို ပြန်ရယူရင်း Gang တစ်ခုတည်ထောင်သည့်အခါတွင်လည်းအကူအညီ တောင်းစရာမလိုစွာ လိုက်လံ ကူညီတတ်သည့် ယန်ယန် မိဘများသည် ယခုအချိန်တွင်တော့ လောကကြီးမှ ထွက်ခွာသွားခဲ့ပြီ။ ထို့ကြောင့် တစ်ဦးတည်းကျန်ခဲ့သည့် ယန်ယန်ကို Cobra gang ပြန်လည်စုစည်း၍ တည်ငြိမ်အောင်ထိန်းနိုင်ဖို့ကူညီရမည်မှာ ရှောင်းကျန့်တာ၀န်ဖြစ်သည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now