Ch 27

28.3K 2K 170
                                    

Unicode

"Fu*k"

အိပ်ယာပေါ် ထထိုင်ဖို့ကြိုးစားလိုက်သည့် William... ဆစ်ကနဲဖြစ်သွားသည့် ခါးကြောင့် မကျေမနပ်ဆဲလိုက်မိသည်။ လွှမ်းထားသည့် စောင်အဖြူကိုလှပ်ကြည့်တော့ တစ်ကိုယ်လုံးအ၀တ်မကပ်။

လုပ်တုန်းကလုပ်ပြီး boxer လေးတောင်ပြန်မဝတ်ပေးထားသည့်ကောင်ကိုဆဲချင်တာကြောင့် အခန်းထဲတစ်ချက်ဝေ့ကြည့်မိ၏

မြင်လိုက်ရသည့်မြင်ကွင်းက သိပ်အချိုးမပြေ။ မနက်စောစောစီးစီးဝိုင်တစ်ခွက်ကိုင် ထိုင်သောက်ရင်း William ကို မျက်တောင်မခတ်စိုက်ကြည့်နေသည့် ကောင်က အနက်ရောင် bathrobe နှင့် ရွှေရောင်မျက်မှန်ကိုင်း နှင့် ခုံပေါ်တွင်ကျကျနန။

"နိုးပြီလား......ကိုယ်ဗိုက်ဆာနေပြီ။ ကော်ဖီတစ်ခွက်ဖျော်ပေး ကိုယ့်အချစ်"

William စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်စုတ်သပ်လိုက်၏ အရင်ကတည်းကမပြေသည့် သောက်ချိုးသည် အခုထိလည်းမပြေသေး။

"မင်းမှာလက်မပါဘူးလား Mike"

"ကိုယ့်အချစ်ဖျော်ပေးတာသောက်ချင်လို့"

ဘာမှ ဆက်ပြောချင်စိတ်မရှိတော့သည်ကြောင့် boxer တစ်ထည်နှင့် bathrobe တစ်ထည်ကောက်စွပ်ကာ ကော်ဖီနှပ်ဖို့ထွက်ခဲ့လိုက်သည်။ Mike ဆိုတဲ့ကောင်ရှေ့ရောက်လျှင် William ပြောစရာစကားတို့ပျောက်ရမြဲ။

တစ်နေ့က California ကို Mike ဝင်လာကြောင်းသတင်းရသည်။ မနေ့က William ၏အပန်းဖြေအိမ်ရှေ့ကားတစ်စီးနှင့်ရောက်ချလာသည်။ ဒီနေ့ အ၀တ်မကပ်သည့်ခန္ဓာကိုယ်နှင့်ဖြစ်သည်။ အကုန်လုံး ဘယ်ဟာကဘယ်လိုဖြစ်ပျက်သွားသည်မသိ။

Mike နှင့်တွေ့တိုင်းထိုသို့ပဲမို့ William ထူးပြီးအံ့သြမနေတော့။

အသစ်၀ယ်ထားတဲ့ အပန်းဖြေအိမ်ကို Mike တစ်ရက်တည်းနှင့်စုံစမ်းနိုင်တာတော့ချီးကျူးရမည်။ ဧည့်သည်ရောက်ကြောင်း​လာပြောတည်းက Mike မှန်း William ခန့်မှန်းမိပါသည်။

William ပိုင်နက်ဖြစ်သည့်အမေရိကန်သို့လာကာ *မင်းတို့ဆရာကို သွားခေါ်လိုက်* ဟုခပ်ရင့်ရင့်ပြောရဲသူက Mike တစ်ယောက်သာရှိသည်လေ။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now