Ch 32

28.7K 2K 59
                                    

Unicode

လက်ဖမိုးပေါ် မှ ဆေးပိုက် နှင့်  pressure အနေအထားကို သေချာစစ်ပြီး nurse ပြန်ထွက်သွားမှ Mike ဘေးနား William ၀င်ထိုင်လိုက်သည်။

"အပြင်မှာ ဘာသတင်းမှ မထွက်စေနဲ့။ တစ်ခုခုအသံကြားရင် သတ်မယ်ပြောလိုက်"

"ဟုတ်ကဲ့ အစ်ကိုကြီး"

နေ့တိုင်းပုံမှန်လာပေးသည့် nurse ကို မခြိမ်းခြောက်ချင်ပေမယ့် Mike အကြောင်း အပြင်တွင်သတင်းမထွက်စေလို။ America ဆိုတာ William ပိုင်နက် ပေမယ့် တချို့နေရာတွေ William လိုက်ကာကွယ်လို့မရ။ Mike က ရဲတင်းလွန်း၏

Mike အပြင်ထွက်တိုင်း အနောက်က အမြဲလိုက် ကာကွယ် ဖို့ လွှတ်လိုက်တဲ့သူတွေက နေ့တိုင်းမျက်ခြည်ပြတ် ခံရပြီးယောင်ချာချာနဲ့ ပြန်လာရမြဲ။ အခုတော့ William မျက်စိအောက်က Mike ဘယ်မှ သွားလို့မရတော့.. Mike သတိမေ့နေတာ ၅ ရက် ရှိပြီ ....။

ပတ်တီးမစီးထားတဲ့ ဘယ်ဘက်ရင်ဘတ်ကို ခပ်ဖွဖွလက်တင်မိသည်။

"ဒီနှလုံးခုန်သံက တိုးလွန်းရင်တောင် ငါ့အတွက် ဖြစ်ပေးစမ်းပါ Mike"

ပြန်ဖြေသံမကြား....။ Mike ကတော့ငြိမ်ငြိမ်သက်သက်။ လုလိုက်ရတဲ့ ထိုအသက် က ၃ နာရီနီးပါးပင်။ အံ့သြဖို့ကောင်းစွာ ထို ၃ နာရီက William ရူး မတတ်။ အသက်အန္တရာယ်မရှိတော့ဘူး ဆိုတာတောင် သတိမလည်သေးလို့ ဆရာ၀န်ကို ကော်လံ စောင့်ဆွဲ ရန်ရှာခဲ့တဲ့ William ပုံက အငယ်တွေအတွက်တော့ထူးထူးဆန်းဆန်း။

ကြမ်းတမ်းမနေတဲ့ လက်ချောင်းသွယ်သွယ်ကို ကိုင်ဖို့လက်လှမ်းတုန်း အလိုက်ကန်းဆိုးမသိစွာ ၀င်လာတဲ့ဖုန်းက တကယ့်အနှောက်အယှက်ပင်။

"ဟက်....ထူးထူးဆန်းဆန်း"

contact ထဲ ရှိပေမယ့် ဘယ်သူ့ဘက်ကမှ မဆက်သွယ်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်......Sean။ ဘာကြောင့်ဆက်လဲ ထူးထွေစဥ်းစားမနေ။ အိပ်ယာပေါ်မှ လူကိုတစ်ချက်ကြည့်ပြီး လေသာဆောင်ထွက်ခဲ့လိုက်သည်။

"ငါ့အစ်ကိုကထူးထူးဆန်းဆန်းပါလား"

*Mike အခြေအနေ ဘယ်လိုလဲ*

"မသေနိုင်ဘူး"

Mike ဒီမှာရှိတယ်ဆိုတာနဲ့ တိုက်ပွဲ အခြေအနေကို Sean သိနေတာမဆန်း။ Chan ဦးဆောင်တဲ့ Ghost team က သာမန်မဟုတ်။ အခုတောင် William မစုံစမ်းရသေးတဲ့ လာတိုက်ခိုက်တဲ့ အဖွဲ့ကို Chan တို့သိလောက်ရောပေါ့။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now