Ch 29

28.8K 2.1K 206
                                    

Unicode

ခါးပေါ်ရှိနေသည့် daddy လက်တစ်ဖက်ကြောင့် ရိပေါ်အသက်ပင်ပြင်းပြင်းမရှူရဲ။ ၁၀ စုနှစ် တစ်ခုကျော်လုံး daddy အရှိန်အဝါကို မော်ကြည့်ခဲ့ရသူမို့ ယခုအခြေအနေသည် ရိပေါ်အတွက် ခက်ခဲပါ၏

နီးကပ်စွာနေခွင့်ရပေမယ့် အမှားတစ်ခုခုပြုလုပ်မိကာ daddy စိတ်ပျက်မည်ကို ကြောက်သည်ကြောင့် စက္ကန့်တိုင်းသည် သတိကပ်နေရသည်။ ရှန်ပိန်တစ်ခွက်လက်ကကိုင်ရင်း အသစ်ရွေးချယ်ခံထားရသည့် စီးပွားရေး၀န်ကြီး နှင့် စကားပြောနေသည့် daddy က ပြောလိုက်သည့်စကားလုံးတိုင်းသည်အပိုအလိုမရှိ။

daddy ဘေးလိုက်ပါလာသည့်ရိပေါ်သည် ပထမဆုံး daddy နှင့်ယှဥ်တွဲပွဲတက်သူဖြစ်၍ စိတ်၀င်တစားမသိမသာစောင်းငဲ့ကြည့်နေကြပေမယ့် daddy ကိုတော့မည်သူမှ တိုက်ရိုက်လာမေးရဲပုံမပေါ်။

အထက်တန်းလွှာတို့စုဝေးရာခန်းမအတွင်း သီချင်းသံငြိမ့်ငြိမ့်နှင့် စကားသံခပ်တိုးတိုးတို့သည်ရောယှက်နေ၏ ချောသည်ထက်ပိုသည့် အမျိုးသမီးတို့သည် daddy နားရှိနေသည့် ရိပေါ်ကိုစိတ်အနှောက်အယှက်ဖြစ်နေသည်ထင်။

နားတစ်ဖက်တွင်သွယ်တန်းထားသော ဆက်သွယ်ရေးကိရိယာမှ အချက်ပြလာသည်ကြောင့် ရှန်ပိန်ခွက်ကို စားပွဲပေါ်တင်၍ daddy ကိုခွင့်တောင်းရသည်။ ခေါင်းတစ်ချက်ညိတ်ပြသည့်အ ခါ လူအနည်းငယ်ရှင်းသည့် city view ကိုကောင်းစွာမြင်ရသည့် ၀ရန်တာဘက်ထွက်ခဲ့လိုက်သည်။

*ရိပေါ်.....အခြေအနေ*

"မသင်္ကာစရာမရှိဘူး Jame"

*ok......တစ်ခုခုဆိုဆက်သွယ်ပါ ရိပေါ် "

ပြင်ပတွင် stand by ဖြစ်နေသည့် Jame က daddy ကို စိတ်မချပုံပင်။ ယခုကဲ့သို့ ပွဲမျိုးသည် အန္တရာယ်ကအချိန်မရွေးကျရောက်နိုင်သည်။ daddy ဆီဦးတည်လာသည့် ပြဿနာမဟုတ်လျှင်တောင် ရိပေါ်တို့သတိလွတ်လို့မရ။

ထို့ကြောင့် ရိပေါ်ကိုယ်တိုင်လည်း ပတ်၀န်းကျင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေရသည်။ ယခုလည်း Jame နှင့်ပြောနေပေမယ့် daddy ကိုရိပေါ်အကြည့်မလွှဲမိ။ စကားပြောရင်း ခေါင်းမော့ရယ်လိုက်သည့် daddy သည် သဘောတကျနှင့်မို့ ရိပေါ်ပါလိုက်ပြုံးမိလိုက်သေးသည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now