Ch 34

28.9K 2K 142
                                    

Unicode

"Location ပို့လိုက်မယ်...ကလေးတွေလွှတ်လိုက် Smirt"

Smirt ဆီက Ok ဆိုသည့် အသံကြားမှ Chan ဖုန်းချလိုက်သည်။ အထပ်မြင့်အဆောက်အအုံ၏ တစ်နေရာ Beijing မြို့ကို တစ်ချက်ဝေ့ကြည့်ပြီး လက်ကြားထဲမှ စီးကရက်ကိုနောက်ဆုံးအကြိမ်တစ်ချက်ရှိုက်လိုက်၏ တစ်၀က်သာကုန်သေးသည့် စီးကရက်ကိုနှမြောပေမယ့် အချိန်ကျပြီကြောင့် ဖိနပ်ဦးနှင့် နင်းခြေပြီး အနောက်လှည့်လိုက်သည်။

အနောက်တွင် သူ့ကိုရပ်စောင့်နေကြသည့် ကောင်လေးတွေကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကိုယ်တိုင် train ထားသည့် ကောင်လေးတွေက ၂၀ ၀န်းကျင်တွေပေမယ့် ထက်လွန်းသည် အလိုက်သိလွန်းသည်။

"ကြွက်ဖမ်းရအောင် ကောင်လေးတွေ"

ပုံမှန် ကိစ္စတွေဆို ဒီကလေးတွေလောက်နှင့်ဖြစ်ပေမယ့် အခုမြေကြွက် ကခေါင်မိုးပေါ်တက်နေသည်လေ။ မင်းကိုယ်တိုင်လုပ် ဆိုသည့် ဦးငယ် ဖြစ်သူ Sean ၏ အမိန့်ကြောင့် လည်းပါသည်ပြောရမည်။

ဖေဖေနှင့် ၀မ်းကွဲ ညီအစ်ကိုတော်စပ်ပြီး ဖေဖေ နောက်အိမ်ထောင်ပြုကာ ဆွစ်ဇလန် မှာအခြေချဖို့ရွေးချယ်တည်းက မလိုက်သွားပဲ ဦးငယ် Gang ထဲ၀င်ဖို့ Chan သေအောင်ကြိုးစားခဲ့ရခြင်းဖြစ်သည်။

ဦးငယ်ကိုခြေသလုံးဖက်မတတ်ပြောပေမယ့် မရသည့်အဆုံး ဆွစ်ဇလန် ကဖေဖေ့ကိုအပူကပ်ပြီး ပြောခိုင်းရသည်။ ဖေဖေကိုယ်တိုင်တရုတ်ပြည်ထိ လာပြောပေးမှ Sean လက်ခံခဲ့ခြင်းဖြစ်သည်။ Gang ထဲ ၃ နှစ်လောက် နေ၍ ပညာသင်ခဲ့ပြီး အန္တရာယ်ပေါင်းများစွာကျော်ဖြတ် ပြဿနာပေါင်းစုံဖြေရှင်းပြီးမှ Sean က Ghost team ကို ဦးစီးခွင့်ပေးခဲ့သည်။

ဘဝ တွင် Chan အလေးစားရဆုံးလူနှစ်ယောက်သည် ဖေဖေနှင့် ဦးငယ်ဖြစ်သည်။ ထိုထဲမှ ဦးငယ်၏ အသက်ကို တိုက်ရိုက်ရန်ရှာလာသည့်ကိစ္စသည် Chan သည်းခံနိုင်သည့်ကိစ္စမဟုတ်။ အရင်ကလည်း ခွင့်မလွှတ်ခဲ့ဖူးသလို အခုလည်း ခွင့်လွှတ်မည်မဟုတ်ပါ။

"ရောက်နေပြီ captain"

တစ်နေရာကိုအဝေးကြည့်မှန်ဘီလူးနှင့်ကြည့်ကာ ပြောလိုက်သည့်ကောင်လေးကို ခေါင်းဆတ်ပြပြီး Chan သတင်းတစ်ခုကိုစောင့်နေလိုက်သည်။ Smirt လွှတ်လိုက်သည့်လူတွေ လှုပ်ရှားမှုအတွက်အချိန်အနည်းငယ်ပေးရမည်လေ။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now