Ch 14

32.9K 2.2K 206
                                    

Unicode

mission အတွက် ဋ္ဌာနချုပ်အတွင်း လိုအပ်သည်များ ကို ရိပေါ် နှင့် Jack လာယူနေရသည်။ Gang သို့ခိုဝင်လာကြသည့်လက်အောက်ခံ gang တွေ များလာတာနှင့်အမျှ g​ang ၏ ရုံးပိုင်းဆိုင်ရာ တာဝန်ယူရသည့် ဋ္ဌာနကလူများမှာလည်း ပို၍ပင်မအားမလပ်ကြတော့။

ရိပေါ် တို့ agent team ကိုလည်း အကူအညီတောင်းသည့်ကိစ္စ များ ကြောင့် ဋ္ဌာနချုပ်အတွင်းလိုအပ်သည်များ လာတောင်းနေခြင်းဖြစ်သည်။

ဋ္ဌာနချုပ် တာဝန်ခံ ထုတ်ပေးသည့် အချက်အလက်များကိုစိစစ်နေတုန်း ကျယ်ဝန်းသည့် မှန်လုံအခန်းထဲ ကိုယ်အလုပ်ကိုယ်လုပ်နေသည့် officer တစ်ဖွဲ့လုံး ရုတ်တရတ် တိတ် ဆိတ်သွား​​ပြီးထရပ်၍ သတိဆွဲ ကုန်၏

ဒီအခြေအနေက ဘယ်သူရောက်လာတယ် ဆိုတာပြောစရာမလိုလောက်အောင် အလိုလို သိသည်မို့ Jack နှင့်ရိပေါ်လည်း စာရွက်များအမြန်ချ၍ မတ်တပ်ရပ်ရသည်။

ရင်းနှီးနေကျ ကိုယ်သင်းရနံ့ အရှေ့ကဖြတ်သွားတော့ ခဏတာ မြင်လိုက်ရသည့် ဘေးတိုက်အနေအထားကို ဦးနှောက်ထဲရိုက်သွင်းလိုက်သည်။

ဋ္ဌာန ရုံးခန်းထဲ ကိုယ်တိုင်လာသည့် daddy ကြောင့် ဝန်ထမ်းတချို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်၏ ပုံမှန်ထက် ပိုတင်းနေသည့်မျက်နှာကြောင့် တစ်ယောက်မှ မလှုပ်ရဲ။

daddy ရင်ခွင်ထဲ နွေးထွေးစွာခိုဝင်ခဲ့ရသည့်တစ်ညတာကိုစဥ်းစားမိတော့ နှုတ်ခမ်းထက်အပြုံးပါးပါးသည် အလိုလိုပေါ်လာရသည်။ နောက်နေ့မနက် အေးစက်နေသည့် အိပ်ယာခင်းကသာ အဖော်ပြုပေးခဲ့တော့ တစ်ညလုံး အိပ်ပျော်ခဲ့မိသည့် ညကို ပြန်တွေးရင်းကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ခဲ့မိသည်လေ။

တာဝန်ခံရုံးခန်းထဲဦးဆောင် ဝင်သွားသည့် daddy နောက် ဋ္ဌာနချုပ်တာဝန်ခံ ကထပ်ကြပ်မကွာလိုက်သွား၏ တစ်ချက်ပင်စောင်းငဲ့မကြည့်သွားသည့် daddy ကြောင့် အနားရောက်ဖို့ ကြိုးစားတိုင်း ပိုဝေးနေသလိုပင်။

ဒီရက်ပိုင်းရခဲ့သည့် daddy နွေးထွေးမှုတွေကြောင့် ပိုလောဘတက်နေမိသည့် ရိပေါ်က daddy ပေးသမျှရောင့်ရဲတတ်ဖို့ကြိုးစားရအုံးမည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now