Ch 28

28.9K 2.1K 123
                                    

Unicode

"ဟူးး"

သက်ပြင်းတစ်ချက်ချရင်းအိပ်ယာပေါ်ပစ်လှဲလိုက်သည့်  Jack...။ ဒီတစ်ခေါက်သွားရသည့် mission သည် Jack တို့အဖွဲ့ နှင့် ရိပေါ်တို့အဖွဲ့ပေါင်းလုပ်ရသည်။ ၄ ရက်ကြာအောင်သွားရသည့် mission ဖြစ်ပြီး ခက်ခဲသည်ကြောင့်အတော်ပင်ပန်း၏

ထို့ကြောင့် ပြန်ရောက်ရောက်ချင်း Jack အ၀တ်ပင်မလဲနိုင်.....အိပ်ယာပေါ်မှောက်နေလေပြီ။ ရိပေါ်ကတော့ ၀တ်ထားရသည့် ကျည်ကာတစ်ထပ်ခံ ၀တ်စုံနှင့် လက်နက်တစ်ချို့ကို ဖြုတ်ပြီး ရေချိုးဖို့လုပ်လိုက်သည်။ Smirt ဆီလည်း အစီရင်ခံစာတင်ရအုံးမည်။

"Jack..... အ၀တ်အရင်လဲ"

"အင်း....."

ရေချိုးခန်းမ၀င်ခင် မှာခဲ့ပေမယ့် အင်း တစ် လုံးပြောကာ မျက်လုံးတော့ဖွင့်မလာ။ ခေါင်းအုံးတစ်လုံးဆွဲ ပစ်ပေါက်မှ ဆတ်ကနဲဖမ်းကာထထိုင်၏ အဆဲပေါင်းစုံဆဲကာကျန်ခဲ့သည့် Jack ကိုဂရုမစိုက်တော့ ခပ်မြန်မြန်ပင်ရေ၀င်ချိုးလိုက်သည်။

ရေချိုးပြီး အနည်းငယ် လန်းဆန်းသွားသည်ကြောင့် Smirt ဆီထွက်ခဲ့လိုက်၏ daddy ကို တွေ့ချင်ပေမယ့် လက်လွတ်စပယ်သွားတွေ့၍မရ။ တစ်ခါတစ်ရံ တွေ့ချင်တိုင်းပြေးတွေ့လိုက်ချင်သည်။ လွမ်းတိုင်းဖုန်းဆက်လိုက်ချင်သည်။

ဒီရက်ပိုင်းတွင်း Gang တွင် ကိစ္စတော်တော်များများဖြစ်ပျက်သွား၏ Cobra gang ခေါင်းဆောင်ဖြစ်သည့် ယန်ယန်မိဘများကိုလုပ်ကြံသည့် Gang ကို Smirt အမိန့်နှင့် Zhan တို့အဖွဲ့ သွားရောက်ဖြိုခွဲခြင်း နှင့် cobra gang ကို ယန်ယန်ဦးဆောင်ကာပြန်တည်ထောင်စေခြင်းတို့သည် daddy သြဇာကိုပိုမိုကြီးမားစေသည်။

ယန်ယန်ကတော့ ရိပေါ်တို့ mission မထွက်ခင်တည်းက ပြည်နယ်တောင်ပိုင်းကိုပြန်၍လုပ်ငန်းများကိုပြန်လည်ဦးစီးနေပြီဖြစ်သည်။ ယန်ယန်မိဘများဇာပနအတွက် daddy ကိုယ်တိုင်လိုက်သွားပြီး daddy ပြန်မရောက်ခင် ရိပေါ် mission ထွက်သွားရသည်ကြောင့် daddy ကိုမတွေ့ရသည်မှာ ၁၀ ရက်ကျော်နေပြီဖြစ်သည်။

"ဒဏ်ရာ ရတဲ့သူရှိလား ရိပေါ် "

"3 ယောက်ပါ Smirt။ မစိုးရိမ်ရပါဘူး"

Daddy's Command (Unicode+Zawgyi)Where stories live. Discover now