Ch 26

29.2K 2K 119
                                    

Unicode

တဖြူးဖြူး တိုက်ခတ်နေသည့်လေအေးအေးကြောင့် တဖျတ်ဖျတ် လွင့်နေသည့် Long coat ထဲ လက်တစ်ဖက်ထည့်ကာရပ်နေသည့် Mike။

အလျားရှည် အောင် ခမ်းနားစွာတည်ဆောက်ထားသည့်စံအိမ်ကြီး၏ ခေါင်မိုးထပ် ညာဘက် ထောင့်....Mike သိပ်သဘောကျသည့်နေရာ။ မြို့ပြင်ဘက် တောအုပ်ကို အပေါ်စီးမှ မြင်ရသည့်တစ်ခုတည်းသောနေရာ။

Mike ကိုရှာချင်လျှင် ဒီနေရာမှာသာရှာလို့တွေ့နိုင်သည် ပြောရလောက်အောင် စိတ်ကူးပေါက်တိုင်းလာနေတတ်သည့်နေရာဖြစ်၏ ထို့ကြောင့်  Smirt ခပ်လှမ်းလှမ်းမှ ခဏရပ်ကြည့်နေလိုက်သည်။

ဟိုဘက်ထိပ်ဒီဘက်ထိပ်ပင်သွားရန် အချိန်ယူရသည့် စံအိမ်ခေါင်မိုးထပ်တွင် sniper သမား ၆ ယောက် အမြဲရှိ၏ သူ့ အချိန်နှင့် သူ တာ၀န်ချိန်းရသည့် ၆ ယောက်တစ်ဖွဲ့စီ က တာ၀န်လဲချိန်ဖြစ်၍ Smirt ကိုအဝေးမှ ဦးညွတ်သွားကြသည်ကို ခေါင်းတစ်ချက်ဆတ်ပြရင်း Mike ကိုလှမ်းခေါ်လိုက်သည်။

"Mike"

တောအုပ်ဘက် အကြောင်းမဲ့ ငေးစိုက်ကြည့်ရင်း တစ်ယောက်ယောက်အကြောင်းတွေးနေပုံပေါ်သည့် Mike ကခေါ်သံကြောင့်လှည့်ကြည့်လာ၏

"ကိစ္စရှိလို့လား Smirt"

"တာ၀န်အသစ်"

ရင်ဘတ်ကိုကပ်ပေးလိုက်သည့် ဖိုင်အနက်ရောင်ကို ယူပြီး ကိုင် လိုက်ပေမယ့် Mike ဖွင့်မကြည့်။

"ငါ လက်စသတ်စရာတွေ အများကြီး Smirt"

"Sean ကိုယ်တိုင်တာ၀န်ပေးတာ"

Smirt စကားကြောင့် Mike ခေါင်းတစ်ချက်ဆတ်ပြ၏ Mike တွင်ငြင်းပိုင်ခွင့်မရှိတော့။ Mike ဟူသည့် ခပ်အေးအေးလူတစ်ယောက်ကို ထိန်းချုပ်နိုင်သူသည် Sean တစ်ယောက်သာရှိသည်။

အမြဲခပ်ပြုံးပြုံးနေတတ်သည့် Mike က သိပ်ခေါင်းမာသည်။ ထိုခေါင်းမာမှုသည် Sean ၏ စကားတစ်ခွန်းနဲ့တင်ပြိုလဲတတ်သည်။ ထီမထင်သည့်မထေ့တထေ့ ဆက်ဆံတတ်သည့် Mike သည် Sean ရှေ့တွင်တော့ ရိုကျိုး၏

အဖြူကို Sean က အမဲဟု ပြောလျှင် အမဲပါဟု တစ်လောကလုံးနှင့်ပြိုင်ငြင်းမည့်သူ...။ နားလည်ရခက်သည့် Sean ၏စိတ်ကို အတွင်းထိမြင်အောင်ကြည့်တတ်သူ..။Smirt ထက်ပင် Sean နားအချိန်ပိုကြာခဲ့သူ....။ Sean ၏ စိတ်ကို Smirt ထက်ပိုနားလည်သူ....။ Sean ဆိုသည့်လူတစ်ယောက်အတွက် အရာရာ ချရင်းရဲသည့် Mike သည် နှလုံးသားနှင့်ယှဥ်သည့် အခါတွင်လည်း Sean ကိုသာရွေးချယ်ခဲ့ပုံပင်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now