Ep40💞

1.4K 81 3
                                    

#unicode

"ဦးရေ ကျွန်တော်အပြင်သွားချင်လို့"

"ဘယ်လဲ ကလေး"

"ဟို...."

ယောင်ယောင်ဝါးဝါးလုပ်နေတဲ့ သျှားမာန်ကို ဦးချမ်းမြေ့ မျက်လုံးတို့မြှေးစင်းကာကြည့်လာသည်

ဒီကောင်လေးမဟုတ်တာတစ်ခုခုလုပ်တော့မယ်လို့ ကျွန်တော်ခံစားရတယ် ဘယ်သွားချင်တာလဲ...?

"အကိုအဂ္ဂနဲ့သွားတွေ့မလို့"

"မသွားရဘူး!!!"

မာမာထန်ထန်တားမြစ်လာတဲ့ဦးချမ်းမြေ့.....

ကျွန်တော်မတုံ့ဆိုင်းဘဲ ချက်ချင်းတားလိုက်တယ် သူတို့အရှုပ်တော်ပုံထဲ ဝင်မပါဖို့ပြောထားတာကို ကလေးကလုံးဝကိုပြောမရတာပဲ

"ဦးကလဲ ကျွန်တော်ဘာမှမဖြစ်ဘူးလို့ကတိပေးတယ် ဦးစိတ်မချရင် အကိုဖြိုးမြတ်ကိုထည့်လိုက်လဲရတာပဲကို"

"မရဘူး ကလေးဘာလို့ ကိုယ့်စကားကိုနည်းနည်းလေးတောင်နားမထောင်ရတာလဲ ကလေးကျန်တဲ့အရာ ဘာမဆိုလုပ်လို့ရတယ် ကိုယ်မတားဘူး ဒါပေမယ့် အဂ္ဂနဲ့ပတ်သက်မဲ့ကိစ္စတော့ ကိုယ်တားရလိမ့်မယ်"

"ဦးရာ အကိုအဂ္ဂကအရမ်းမကောင်းတဲ့သူလဲ မဟုတ်ပါဘူး သူ့အဖေကအိပ်ရာထဲလဲ‌န‌ေတာ့ အုပ်ထိန်းပေးမယ့်သူမရှိလို့ ဆိုးနေရုံပါ ဦးရာ ကျွန်တော့ကိုတောင် သူ့အိမ်ပေါ်ခေါ်တင်ပြီး ကူ‌ညီပေးဖူးတာပဲကို အခု‌ကိစ္စလေးကို သူ့ကိုကူညီလိုက်ရလို့ ဘာမှမဖြစ်ပါဘူး ဦး"

"မရဘူးဆို မရဘူး ကိုယ်ပြောပြီးပြီ အဂ္ဂနဲ့အခုကစပြီး လုံးဝမတွေ့ပါနဲ့"

"ဦး!!!"

စိတ်ဆိုးချင်ဆိုးပါစေ ဒီတစ်ခါတော့ကျွန်တော်အလျှော့မပေးနိုင်ဘူး ကလေးအဂ္ဂနဲ့ပိုရင်းနှီးလာလေ အန္ဓရာယ်များလာလေပဲ မဖြစ်ဘူးကျွန်တော်ဖြေရှင်းမှဖြစ်တော့မယ်

"ဒီနေ့အပြင်လုံးဝမထွက်ရဘူး ကလေး ဒါကိုယ့်အမိန့်ပဲ"

ကျွန်တော်ပြောပြီးတာနဲ့ အခန်းထဲကအမြန်ထွက်လာခဲ့လိုက်တယ် အမြန်မထွက်လာရင် ကလေးကကျွန်တော့ကိုချော့ပြောလာတော့မှာလေ အဲ့လိုဆိုကျွန်တော်လဲ ဆက်တင်းထားနိုင်မှာ မဟုတ်ဘူး

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now