Ep41💞

1.7K 76 9
                                    

#unicode

"သူရ တစ်ခုခုစားရမယ်လေ ပြီးရင်ဆေးသောက်ရမယ် အဲ့ဒါမှမြန်မြန်သက်သာမှာပေါ့ သူရရဲ့ နော် စားလိုက်ပါနော်"

"......."

"သူရ စားပါကွာနော် ကိုယ်တောင်းပန်ပါတယ် မင်းကိုတစ်ခုခုထပ်အဖြစ်မခံနိုင်ဘူး"

"ကျွန်တော်ကျောင်းသွားချင်တယ်"

"ကျောင်း....."

‌ေကျာင်းတွေပြန်ဖွင့်တာ တစ်ပတ်လောက်ရှိပြီဆိုပေမယ့် သူရကိုကျွန်တော်ကျောင်းမတက်ခိုင်းခဲ့သေးဘူး သူလေးကဆေးလဲပုံမှန်မသောက် အစားလဲပုံမှန်မစားတော့ ကျွန်တော်သူ့ကိုဘယ်လိုကျောင်းတက်ခိုင်းရမှာလဲ

"ကျောင်းသွားချင်တယ် သျှားမာန်တို့နဲ့တွေ့ချင်တယ် ဒီအိမ်ကနေထွက်သွားချင်တယ်"

ကျွန်တော်မလန့်ဘဲနေနိုင်မလား ဒီကောင်လေးကထွက်သွားချင်တယ်တဲ့လေ ကျွန်တော်မထွက်သွားခိုင်းချင်ပေမယ့် ဒီလိုတွေဖြစ်လာတာ ကျွန်တော့ကြောင့်လေ ကျွန်တော့ကြောင့်ပဲ သူကျွန်တော့ဘဝထဲကထွက်သွားချင်တာလေ ကျွန်တော်လက်ခံပေးရတော့မှာပေါ့ ကျွန်တော့ဘက်ကသာဆက်တင်းခံနေရင် သူလေးကျွန်တော့ကို ပိုမုန်းနေလိမ့်မယ်

"ကောင်းပြီ ကိုယ်သွားခွင့်ပေးမယ် ကိုယ့်ဘဝထဲကနေ မင်းထွက်သွားချင်တယ်မှတ်လား ကိုယ့်ကိုမုန်းနေတယ်မှတ်လား မင်းဖြစ်ချင်သလို လုပ်ခွင့်ပေးမယ် ဒါပေမယ့် မင်းကိုယ့်ဆီကထွက်သွားချင်ရင် ဒီနေ့ကစပြီး အစားပုံမှန်စား ဆေးပုံမှန်သောက် ကိုယ့်ကိုရွဲ့ဖို့အတွက်နဲ့ မင်းကိုယ်မင်းမငြှင်းဆဲနဲ့ ကိုယ်မင်းစားဖို့ထားခဲ့ပေးမယ် ‌နောက်တစ်ပတ်နေရင် မင်းအိမ်ကို ကိုယ်ပြန်ပို့ပေးမယ်"

"ခင်များတကယ်ပြောတာလား"

မင်းမျက်ဝန်းတွေတောက်ပနေလိုက်တာ ကိုယ့်ဆီကထွက်သွားဖို့ကို အဲ့လောက်တက်ကြွနေတာလားကွာ.....

"ကိုယ်တကယ်ပြောတာ အဲ့ဒါကြောင့် အခုထမင်းစားပြီး ဆေးသောက်တော့ ကိုယ်အလုပ်သွားလိုက်အုန်းမယ်"

အဂ္ဂထွက်သွားတာနဲ့ ဘေးကစားပွဲမှာ ဝင်ထိုင်ပြီး ထမင်းစားတဲ့သူရ

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now