Ep15💞🔞🔞

3.1K 106 4
                                    

#unicode

"အကို လေးလေးဘာဖြစ်လာတာလဲ"

အိမ်ကိုပြန်လာကတည်းက မျက်နှာမှာ ‌ေဒါသထွက်နေတာ ပေါ်လွင်နေတဲ့ ဦးချမ်းမြေ့ကြောင့် ဝေယံ ဖြိုးမြတ်ကိုမေးလိုက်သည် သျှားမာန်ကတော့ ဘေးနားကနေသာ ရပ်နေလိုက်သည်

"အကိုဒေါသထွက်နေတယ် အမှား မလုပ်မိစေနဲ့ ဒီဇိုင်းဆရာ အလုခံလိုက်ရတာ"

"ဒီဇိုင်းဆရာ အလုခံရတာ အဲ့လောက်တောင်ဖြစ်နေတာလား တစ်ခြား ဒီဇိုင်းဆရာ ရှာလို့မရဘူးလား"

သျှားမာန်ရဲ့ အမေးကို ဖြိုးမြတ်ခေါင်းရမ်းကာ ပြန်ဖြေလိုက်တယ်

"မရဘူး အကိုက ဒီ project အတွက် အရမ်းအလေးထားတာ အခု ဒီဇိုင်းဆရာကိုလဲ အချိန်တွေ အများကြီးယူပြီး ငြှိနှိုင်းထားရတာ အခုတော့ အလုခံလိုက်ရလို့ အကိုတော်တော် ဒေါသထွက်နေတယ် အဲ့တော့ မင်းတို့နှစ်ယောက် လိမ်လိမ်မာမာနေနော်"

"ဟုတ်"

"ဖြိုးမြတ်"

အပေါ်ထပ်ကနေ အော်ခေါ်သံကြောင့် ဖြိုးမြတ်အမြန်ပင်ပြေးသွားရသည်

"လာပြီ အကို့"

အခန်းထဲရောက်တော့ ထိုင်ခုံပေါ် ခေါင်းမှီထိုင်နေတဲ့ အကို့အနားကို ကပ်ကာ မေးလိုက်သည်

"အကို ကျွန်တော် ဘာလုပ်ပေးရမလဲ"

"ငါ အဲ့လူတွေကိုပြန်လိုချင်တယ် ငွေဘယ်လောက်ပဲ လိုက်ရလိုက်ရ ရအောင်ပြန်ခေါ်"

"ဟုတ် ကျွန်တော် နားလည်ပါပြီ"

"ရပြီ သွားတော့"

ဖြိုးမြတ် လှည့်ထွက်ဖို့ အလုပ် အကိုက လှမ်းခေါ်တာကြောင့် ပြန်လှည့်လိုက်တယ်

"ကော်ဖီတစ်ခွက်လောက် ယူခဲ့ပေး"

"ဟုတ် အကို"

ဖြိုးမြတ်လဲ အခန်းထဲက အမြန်သာ ထွက်လာလိုက်တယ် အောက်ထပ်ကိုဆင်းပြီး ကိုယ်ကိုယ်တိုင် ကော်ဖီဖျော်လိုက်တယ် အဒေါ်ကြီးကို ဖျော်ခိုင်းလို့ရပေမယ့် အခုချိန်မှာ ကိုယ်တိုင်လုပ်ပြီး ပို့ပေးတာ အကောင်းဆုံးပဲ

ကိုယ့်အတွေးနဲ့ကိုယ် အကို့အခန်းထဲ ဝင်ခံနီး ဝေယံနဲ့ သျှားမာန် တို့နှစ်ယောက်က ပိတ်ရပ်နေတယ် ဝေယံက သျှားမာန်ကိုလဲအသားကုန်ဆွဲထားတယ်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now