Ep16💞🚫

2.7K 97 6
                                    

#unicode

"အ့ နာ နာလိုက်တာ"

မနက်ခင်းနိုးထလာခိုက် အောက်ပိုင်းကဆူးနစ်စွာနာကျင်နေတာကြောင့် ညည်းမိသည်

ဘေးကိုကြည့်မိတော့ ဦးက အိပ်မောကျနေတုန်း သေချာကြည့်ဝော့မှ ဦးကတော်တော်ချောတာကို သတိထားမိတယ်

ဦးရဲ့မျက်ခုံးမွေးတွေထူထဲပြီး တောင်တန်းတွေလိုသွယ်တန်းနေတယ် မျက်တောင်‌ေမှွးတွေက ရှည်ပြီးစင်းနေတာပဲ နှာတံဖြောင့်တန်းနေတာတွေ ကြည်လင်တဲ့အသားအရေ ခပ်ညိုညိုနှုတ်ခမ်းတစ်စုံ ကြည့်နေရင်းကွေးတက်သွားတဲ့  ဦးရဲ့ နှုတ်ခမ်း

"ကြည့်လို့ဝပြီလား"

ရှက်လို့ဦး‌ကိုကျောပေးလိုက်မိတယ်

"နိုးနေရင်လဲထလေ ဘာလို့ဆက်အိပ်နေတာလဲ"

ရှက်ရှက်နဲ့ပြောလာတဲ့ ခလေးရဲ့ ခါးလေးကိုနောက်က‌ေနသိုင်းဖတ်လိုက်တယ်

"ကိုယ့်ခလေးလေးကြည့်တာခံချင်လို့ပေါ့"

"အပိုတွေလာပြောနေပြန်ပြီ ဘေးကို ကိုယ့်အခန်းကိုသွားတော့မယ်"

"မသွားနဲ့အုန်း ဆက်အိပ်အုန်း"

တင်းကျပ်စွာဖတ်ရင်းဦးပြောလာတယ် ဦးပြောတော့ ကိုယ်လဲရုန်းနေတာကိုရပ်လိုက်တယ်

"မအိပ်ချင်တော့ဘူး ရေချိုးချင်နေပြီ"

"ခနလေးပဲ လှဲနေပေး ကိုယ်ဖတ်ထားချင်သေးလို့"

"ဖယ်ဗျာ ခင်များအလုပ်သွားရမှာ မဟုတ်ဘူးလား"

"ရတယ် အစောကြီးရှိသေးတယ်"

"ဘယ်ကိုအစောကြီးလဲ လူယုတ်မာကြီး"

"ဟာ....ခလေး ညတုန်းကကျ ဦးကို..ချစ်တယ်ဆို အခုကျလူယုတ်မာတဲ့လား ပြီးတော့ဒီကကလေးလေးပဲ တောင်းခဲ့တာမဟုတ်ဘူးလား လိုချင်လို့"

ရုတ်တရက် ကိုယ့်ဘက်ကိုလှည့်လာသော ခလေး မျက်နှာကိုလဲ ဆူပုတ်လို့ မျက်စောင်းကလဲ ထိုးရသေး

"အဲ့ဒါတွေလျှောက်မပြောနဲ့ အနမ်းအရင်စပေးတာ ခင်များကြီးလေ ကျွန်တော့ကိုအရင်နမ်းတာ ဘယ်သူလဲ ခင်များကြောင့် ကျွန်တော်အဲ့စိတ်ဖြစ်သွားတာလေ"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now