Ep18💞

2.1K 99 6
                                    

#unicode

"မဖယ်ဘူး"

အဂ္ဂ စိတ်မရှည်စွာနဲ့ သူရနောက်က သျှားမာန်ကိုလှမ်းအဆြဲ သူရရဲ့လုပ်ရပ်ကြောင့် သျှားမာန်ရော အဂ္ဂပါ မျက်လုံးများပြူးသွားရသည်

နူးညံ့တယ် ရင်ဘတ်ကြီးထဲ ဗုံးကြဲသွားသလိုကို တုန်လှုပ်သွားရတယ် ဘာအတွက်လဲ ဘာအတွက် မင်းလေး ကိုယ့်ကိုနမ်းရတာလဲ

ဘာမှန်းအသိတဲ့ ခံစားချက် ဒေါသထွက်နေသလိုလို သျှားမာန်ကို အကိုအဂ္ဂ တစ်ခုခုလုပ်မှာကိုမလိုလားဘူး သျှားမာန်ကိုစိတ်ပူတာလဲ ပါသလို မသိတဲ့ခံစားချက်တစ်ခုကလဲ နောက်က ကပ်ပါလာတာကြောင့် ဘာမှန်းမသိဘဲနဲ့ကို အကိုအဂ္ဂကို နမ်းလိုက်မိတယ်

အချိန်အနည်းငယ်ကြာတော့ သူရ နှုတ်ခမ်းချင်းခွာပေးလိုက်တော့မှ အကိုအဂ္ဂက သတိပြန်ဝင်တယ်

[နမ်းလိုက်တာပါလို့😂😁 ဘာမှမလုပ်ဘူး နမ်းရုံနမ်းလိုက်တာ😁]

"အခု အခု မင်းလေးဘာလုပ်လိုက်တာလဲ ဘာလို့လဲ"

"သျှားမာန်အစား ကျွန်တော်နေမယ် ခင်များနေချင်တဲ့ အချိန်တိုင်း ကျွန်တော် ခင်များနဲ့နေပေးမယ် ကျွန်တော်က လူရှုပ်လူပွေ ကျွန်တော် ခင်များနဲ့ အိပ်လိုက်လို့ဘာမှမဖြစ်ဘူး ဒါပေမယ့် သျှားမာန်ကိုတော့ မဖျက်ဆီးပါနဲ့"

"သူရ"

စိုးရိမ်တကြီးအော်ပြောလာတဲ့ သျှားမာန်ကို တစ်ချက်လှည့်ကြည့်ပြီး

"ငါကအရင်ထဲက လူရှုပ်လေ ဒီကိစ္စတွေက ငါနဲ့ရင်းနှီးတယ် မင်းအတွက်တော့ အဆင်မပြေဘူး ငါ့ကိုစိတ်မပူနဲ့"

"မင်းလေးတကယ်လုပ်နိုင်လို့လား အရင်က မင်းဒီကိစ္စတွေဖြစ်ခဲ့ဖူးပေမယ့် မင်းက T နေရာနေခဲ့တဲ့သူလေ ကိုယ်နဲ့နေရင် မင်းအရင်လိုနေလို့မရဘူးနော်"

"ရတယ် ကျွန်တော်နေနိုင်တယ် ခင်များသာ သျှားမာန်ကို ဒုက္ခမပေးရင်"

"ဟက် မင်းလေးက သူငယ်ချင်းကိုတော်တော်တန်ဖိုးထားတာပဲ ကောင်းပြီလေ ဒီတစ်ကြိမ်တော့ ကိုယ်သူ့ကိုလွှတ်ပေးလိုက်မယ် ဒါပေမယ့် သူ့ကိုယ်သူတော့ကာကွယ်နိုင်ပါစေ ကိုယ်ဆီကိုနောက်ထပ်အခွင့်အရေးတွေက ရောက်လာအုန်းမှာ"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now