Ep29💞

1.5K 77 2
                                    

#unicode

"ခလေး နိုးပြီလား"

ကုတင်ဘေးဝင်ထိုင်ရင်း မေးလိုက်တော့ သူလေးကခေါင်းကို တစ်ဖက်လွှဲသွားတယ် ဒီအချိန်မှာတော့ သူဘာလုပ်လုပ် ကိုယ့်ဘက်ကအလျှော့ပေးဖို့ပဲရှိတယ် သူ့ကိုနေမကောင်းထပ်မဖြစ်စေချင်ဘူးလေ

"ခလေး မနက်စာလေးစားရအောင်နော်"

"မစားဘူး"

"စားလိုက်ပါကွာ ခလေးဗိုက်ထပ်မအောင့်‌တော့အောင်နော်"

"မစားချင်ဘူးလို့ပြောနေတယ်လေ"

"စားရမှာပေါ့ ခလေးရဲ့ ကျန်းမာရေးထိခိုက်မယ်လေ"

"ဘာလို့လာဂရုစိုက်နေတာလဲ ဂရုမစိုက်နဲ့"

"ချစ်လို့ ချစ်လို့လေ ခလေးနေမကောင်းဖြစ်ရင် ကိုယ်ကအသက်ပျောက်မှာ ခလေးနာကျင်နေရတာကို မြင်နေရတာက ကိုယ်အနာကျင်ရဆုံးပဲ ပြောဖူးတယ်လေ ခလေးရဲ့အသားလေးပွန်းပဲ့မှာတောင် မလိုလားတဲ့အထိတန်ဖိုးထားတယ်လို့"

"......."

"စကားပြန်မပြောချင်လဲရတယ် ခလေး ဒါပေမယ့် အစာလေးတော့စားပါနော် ကိုယ်အတင်းမကျွေးပါဘူး ဒါပေမယ့် ကိုယ်တောင်းဆိုနေတာပါ ဒါလေးကုန်အောင်စားပေးပါနော်"

အဲ့လိုလေးပြောတော့ ခလေးကမော့ကြည့်လာတယ်

ပြီးတော့ လက်ထဲကနွားနို့ခွက်လေးနဲ့ ကိတ်မုန့်ပန်းကန်လေးကို လှမ်းယူပြီးစားတယ်

လိမ္မာတယ် ခလေး ခလေးအရမ်းလိမ္မာတယ်

ကျွန်တော်လဲ ခလေးစားနေတုန်း အပြင်ကိုထွက်လာခဲ့လိုက်တယ် ကျွန်တော်အခုတလော ခလေးကိစ္စစိတ်ရှုပ်နေတာကြောင့် အိမ်ကတခြားသူတွေကို ဂရုမစိုက်နိုင်ပေမယ့် ကျွန်တော်သတိတော့ထားမိတယ် ဝေယံနဲ့ဖြိုးမြတ်က တစ်ခုခုဖြစ်ထားပုံပဲ သိပ်လဲစကားမပြောကြဘူး မနေ့ကလဲ ဖြိုးမြတ်က ဝေယံ့ကိုတော်တော်ကိုခေါ်ယူ‌ေနရတယ်

"ဖြိုးမြတ်"

"ဟုတ် အကို ဘာခိုင်းစရာရှိလို့လဲ"

"မခိုင်းဘူး မေးစရာရှိလို့"

ဧည့်ခန်းမှာ ထိုင်လိုက်ပြီး ကျွန်တော် ဖြိုးမြတ်ကိုမေးလိုက်တယ်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now