Ep43💞

1.1K 59 3
                                    

#unicode

ကျွန်တော့တောင်းဆိုချက်ကြောင့် အကိုအဂ္ဂက သူကိုယ်တိုင်ကျွန်တော့အိမ်ကိုလိုက်ပို့ပေးခဲ့တယ် ကျွန်တော့ကိုလက်လွှတ်ပေးခဲ့တယ် သူကျွန်တော့ကိုထွက်သွားခွင့်ပေးတာကို ကျွန်တော်အခုချိန်ထိကို မယုံကြည်နိုင်သေးဘူး

မေမေ့ကိုသူအကြိမ်ကြိမ်တောင်းပန်ခဲ့တယ် မေမေကနားလည်ပေး‌ေပမယ့် ကျွန်တော့ကိုသနားစိတ်နဲ့ သူ့ကိုတော့အနည်းငယ်ဆူတယ် ဒေါသဖြစ်ပြတယ် ဒါပေမယ့် ခဏတာပါပဲ မေမေကသူ့တူသူ ဘယ်တုန်းက အကြာကြီးစိတ်ဆိုးဖူးလို့လဲ

သူကျွန်တော့ကိုလိုက်ပို့တဲ့နေ့က ကျွန်တော်သူ့ကိုမမြင်ချင်တာနဲ့ ကျွန်တော့အခန်းထဲကို ချက်ချင်းဝင်သွားခဲ့တာပဲ သူကတော့မေမေနဲ့စကားပြောကျန်ခဲ့တာပေါ့

ကျွန်တော့ဘဝမှာ နောင်တအရဆုံးအရာဆို သူနဲ့ပတ်သက်ခဲ့မိတာပဲ သူ့ကိုချစ်ခဲ့မိတာပဲ အရင်ကလို ကျွန်တော့ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းရင် ဒီလိုတွေကျွန်တော်ခံစားနေရမှာ မဟုတ်ဘူး

ကျွန်တော်အိမ်ကိုပြန်ရောက်ပြီး နောက်နေ့ချက်ချင်းပဲ ကျောင်းတက်ခဲ့တယ် သူငယ်ချင်းတွေကိုလွမ်းလှပြီလေဗျာ

ကျောင်းရောက်မှပဲကျွန်တော့ဘဝကြီးကပုံမှန်လိုပြန်ဖြစ်တော့တယ် ဝေယံတို့ ဝတ်ရည်တို့ အားလုံးကျွန်တော့ကိုလွမ်းနေတာတဲ့ ကျွန်တော်လဲ သတိရနေခဲ့တာလေ အခုတော့ကျွန်တော်သူတို့နဲ့ပြန်တွေ့ရပြီ ကျွန်တော့အကြောင်းတွေလဲ အကုန်ပြောပြပြီးပြီ အရင်လိုကျွန်တော့ရဲ့ဘဝကို လွတ်လွတ်လပ်လပ်ပဲ နေတော့မယ်

...........

"သျှားမာန် မင်းဒီနေ့ကျောင်းမလာတာ နာတာသိလား သူရကျောင်းပြန်တက်ပြီ"

"ဟုတ်လား ဒီကောင်ဘာလို့ကျောင်းတွေပျက်တာလဲရော ပြောပြလား"

"အင်း အကုန်ပြောပြတယ် မင်းလာရင်သူပြန်ပြောပြလိမ့်မယ် သူလဲ ဒီရက်အတောအတွင်း တော်တော်ကို ခက်ခဲခဲ့တာကွ"

"သူနဲ့အကိုအဂ္ဂရော ဘယ်လိုဖြစ်သွားပြီလဲ"

"လမ်းခွဲလိုက်ပြီ!!"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now