Ep23💞

1.4K 82 10
                                    

#unicode

"မမနင့်ကိုငါအသိပေးစရာရှိတယ်"

"ဘာလဲ ပြောလေ"

"အခုအိမ်မှာရောက်နေတဲ့ခလေး သျှားမာန်သူ့ကိုမစော်ကားပါနဲ့ မထိပါနဲ့ သူကငါ့သက်ဆိုင်သူ"

"!!!!!"

ဒေါ်သက်ထား ဦးချမ်းမြေ့စကားကြောင့် မျက်လုံးများပြူးကာစွန့်အသွားရသည်

"အဲ့လောက်လန့်ဖို့မလိုဘူးထင်တယ်မမ"

"ငါသဘောမတူဘူးနော် ချမ်းမြေ့ နင်ယောကျာ်းလေး မိန်းမပဲယူရမယ်"

"ဘယ်လိုသတ်မှတ်ချက်ကြီးလဲ ဘယ်သူကများအဲ့လို သတ်မှတ်ထားလို့လဲ မမ"

"ဒီအိမ်မှာငါအကြီး ငါ့ဆုံးဖြတ်ချက်အတိုင်းနေရမယ် အဲ့ဒါကလဲ ငါ့သတ်မှတ်ချက်ဆို နင်လဲအဲ့သတ်မှတ်ချက်အတိုင်းပဲနေရမယ်"

"ကျွန်တော် မမကိုတိုင်ပင်တာလဲ မဟုတ်သလို ခွင့်တောင်းနေတာလဲ မဟုတ်ဘူး အသိပေးရုံသက်သက်ပဲ"

"နင်ကငါ့ကိုဆန့်ကျင်မယ်ဆိုတဲ့သဘောလား"

"ဆန့်ကျင်သင့်ရင်ဆန့်ကျင်ရမှာပဲ မမ ပြီးတော့ကျွန်တော့ရဲ့အိမ်ထောင်ရေးကိုတော့ မမခြယ်လှယ်ခွင့်မရှိဘူး အရင်ကမမကျွန်တော့ကို မိတ်ဆက်ပေးခဲ့တဲ့မိန်းကလေး ကြည့်လေ အခုဘယ်မလဲ မမသဘောအတိုင်းကျွန်တော် မကြိုက်ပေမယ့် ကျွန်တော်တွဲခဲ့တယ် သူ့အလိုလိုက်တယ် ငွေတွေပေးခဲ့တယ် မမမိတ်ဆက်ပေးခဲ့တာလေ အခုတော့သူဘယ်မလဲ သူငွေတွေယူလို့ဝတော့ ဘယ်ရောက်သွားမှန်းတောင်မသိဘူးလေ အဲ့ကိစ္စတုန်းကလဲ ကျွန်တော်မှာ စိတ်တွေရှုပ် စိတ်တွေညစ်လိုက်ရတာ အခုကျွန်တော်ချစ်တဲ့သူကိုတွေ့ပြီ ကျွန်တော့လက်တွဲဖော်ကိုကျွန်တော်ပဲရွေးချယ်မယ်"

"နင်ဘာလို့ ငါ့စကားနားမထောင်ရတာလဲ နင့်ရဲ့အခုလုပ်ပုံတွေကို မေမေတို့မြင်ရသေးရင် စိတ်ချမ်းသာမယ်ထင်လား နင့်ကိုနှမြောလွန်းလို့ သူတို့လဲသေလောက်အောင်ခံစားရမှာ အဲ့ကောင်လေးကဘာဆေး‌ေတွကျွေးထားလို့လဲ နင့်ကိုဘယ်လိုချုပ်ထားလို့ နင်ကအဲ့လောက်တန်းတန်းဆွဲဖြစ်နေရတာလဲ အဲ့ကောင်လေးကိုမြင်ကတည်းက ငါမယုံတာ သူ့ပုံကတကယ့်ကိုခြူစားနေတဲ့ကောင် အဲ့လိုကောင်ကို နင်ဘယ်လိုများလက်တွဲမလို့လဲ ဟမ်"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now