Ep44💞

1.2K 61 0
                                    

#unicode

"အကို့ နမ်း"

နမ်းဆိုပြီး နှုတ်ခမ်း‌ေလးထော်ပေးလာတဲ့ ဝေယံလေးကိုတော့ ကျွန်တော်တကယ်မနိုင်ဘူးဗျာ ဒါတောင် သူ့အမေကအိမ်ရောက်နေလို့ အိမ်မှာဆိုအမြဲကျွန်တော့ဘက်ကပဲ ရှောင်ရှောင်နေရတယ် မဟုတ်ရင် ဒီကောင်လေးကသူ့အမေရှေ့လဲရှောင်မှာ မဟုတ်ဘူး အခုလဲကျောင်းလိုက်ပို့တာ သူငယ်ချင်းတွေရှိလဲ အနမ်းတောင်းတာပဲ ဒီကလေးတကယ်မလွယ်တာပါဗျာ......

"ဘာတွေတွေးနေတာလဲလို့ နမ်းပါဆို"

ကျွန်တော်လဲ ဒီကလေးလေးကျေနပ်အောင် အနမ်းချွေလိုက်တော့တယ် အဲ့တော့မှ ပြုံးရွှင်ကာ ထွက်သွားတဲ့ကောင်လေး.......

..........

"ဖြိုးမြတ် ကလေးတွေကိုသေချာပို့ခဲ့ရဲ့လား"

"ဟုတ် အကို ကျွန်တော်သေချာပို့ခဲ့ပါတယ်"

"အင်း ဒါဆိုအစည်းအဝေးလုပ်ဖို့ လူစုလိုက်တော့နော်"

"ဟုတ်"

ကျွန်တော်လဲ အပြင်ထွက်ဖို့အလုပ် ပွင့်လာတဲ့တံခါးနဲ့အတူ အထဲကိုဝင်လာတဲ့ ဒေါ်သက်ထား.....

"ဖြိုးမြတ်မသွားသေးဘူးလား"

"အာ ဟုတ်ကျွန်‌ေတာ်သွားခေါ်လိုက်ပါ့မယ်"

အကိုချမ်းမြေ့သတိပေးသံကြားတော့ ကျွန်တော်လဲ ခေါင်းငြိမ့်ပြီး အခန်းထဲကထွက်လိုက်တော့ လှမ်းခေါ်လာတဲ့ ဒေါ်သက်ထားကြောင့် ကျွန်တော်ခြေလှမ်းတွေရပ်တန့်လိုက်ရတယ်

"မသွားနဲ့အခုရပ်!"

ကျွန်နော်လဲ ချက်ချင်းပြန်ဝင်လာပြီး တံခါးကိုပိတ်လိုက်တယ်

"အော် မမ နင်ဘယ်တုန်းကရောက်တာလဲ ဘာပြောစရာရှိလို့လဲ"

"ပထမတော့ ဒီအတိုင်းနင့်ကုမ္ပဏီအခြေအနေကိုသိချင်လို့ လာတာ ဒါပေမယ့် ဒီရောက်မှပြောစရာတွေက တစ်ပုံကြီးရောက်လာတာ"

"ဘာပြောမှာမို့လို့လဲ အစည်းအဝေးလုပ်ပြီးမှပြောလဲရတာပဲလေ ပြီးတော့ ဖြိုးမြတ်ကိုကရော ဘာအတွက်ခေါ်တာတုန်း"

"ဖြိုးမြတ်!... သူ့ကိုမင်းအလုပ်ဖြုတ်ပြီး အဆက်အသွယ်ဖြတ်တာကောင်းမယ်ထင်တယ် မဟုတ်ရင် နင့်တူကိုနှိုက်မြည်းတော့မယ်ဆိုတာ နင်သိလား"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now