Ep32💞

1.5K 89 5
                                    

#unicode

"ဒေါ်လေး အခုကျွန်တော်က သူရကိုခိုးပြေးလိုက်ပြီဆိုတော့ ကျွန်တော်သူရကိုပိုင်သွားပြီနော်"

အဂ္ဂပြုံးဖြီးကာပြောတော့ သူရအမေကရယ်သည် သူရကတော့အဂ္ဂကိုမျက်စောင်းသာ ထိုးနေသည်

တကယ်အရှက်မရှိမေမေ့ကိုပါ ဘယ်လိုတွေပြောနေမှန်းမသိဘူး သူခေါ်ချင်သလိုခေါ်လာတယ် အခုလဲသူကကျွန်တော့ကိုပိုင်သွားပြီတဲ့လေ အဲ့တော့ကျွန်တော်မျက်စောင်းပဲထိုးရတာပေါ့

"ဟုတ်ပါတယ် သားတို့ကတစ်ယောက်ကိုတစ်ယောက်ပိုင်သွားပြီ အချင်းချင်းချစ်ကြတယ်ဆိုတော့ ဒေါ်လေးမတားပါဘူး ဒါပေမယ့် ဒေါ်လေးကိုကတိပေးပါ သားအဂ္ဂ အန်တီသားလေးကိုစောင့်ရှောက်ပါ့မယ်လို့ သားလေးကဆိုးတယ် အဲ့ဒါကိုသည်းခံပေးစေချင်တယ် သား"

မေမေကပြောလိုက်တော့ အကိုအဂ္ဂကခေါင်းကို တရစက်ငြှိမ့်ပြကာ

"ကျွန်တော်ကတိပေးပါတယ် သူရဘယ်လောက်ဆိုးဆိုး ကျွန်တော်သည်းခံနိုင်တယ်"

"ကျွန်တော်နောက်တစ်ယောက်နဲ့တွဲရင်ရော"

ကျွန်တော်သိချင်တာနဲ့မေးလိုက်မိတယ် သူကတော့ကျွန်တော့ကိုသာကြည့်နေပေမယ့် မေမေကတော့ ဒီတိုင်းကြည့်မနေ ကျွန်တော့ခေါင်းကို *ခွက်*ခနဲ မြည်အောင်ခေါက်သည်

"ဘယ်လိုတွေပြောနေတာလဲ သားနော်"

"မေမေကလဲ"

ကျွန်တော်မျက်နှာဆူပုတ်ကာပြန်ပြောတော့ အကိုအဂ္ဂကကျွန်တော့ခေါင်းကို ဖြေးဖြေးလေးပွတ်လာပြီး

"မင်းလေးအဲ့လိုလုပ်ခဲ့မယ်ဆိုရင်တောင် ကိုယ်မင်းကိုအပြစ်မတင်ဘူး ဒါပေမယ့် ကိုယ်အဲ့လိုလဲအဖြစ်မခံဘူး"

ကျွန်တော့ကိုပြုံးကာကြည့်ရင်း ပြောလာတဲ့ အကိုအဂ္ဂကိုကျွန်တော်ငေးကြည့်နေမိတယ် သူစိတ်ရင်းနဲ့ပြောနေတာကို ကျွန်တော်ခံစားမိတယ်

ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိတာ မေမေ့ကိုတောင်သတိမထားမိလိုက်ဘူး မေမေကချောင်းဟန့်ကာ သတိပေးတော့မှ နှစ်ယောက်လုံး ရှက်ရှက်နဲ့ အကြည့်ချင်းခွာလိုက်ရသည်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now