Ep5💞

2.2K 92 3
                                    

#unicode

သျှားမာန် ကျောင်းဆင်းပြီးတော့ အလုပ်ကို တန်းလာကာ ပထမဆုံးရက်လဲဖြစ် သူ့သူငယ်ချင်းရဲ့ ဦးလေး ပိုင်တဲ့ ဆိုင်လဲ ဖြစ်နေတော့ သူ့ကိုအလုပ်ပေးထားတဲ့သူတွေ မျက်နှာ မပျက်စေရန် သူ့ကိုသူ လုံးဝကို နှိမ်ချ ထားဖို့ တွေးထားကာ အလုပ်ကို အာရုံစိုက်လုပ်နေလိုက်သည်

အရင်ကဆို ဆိုင်ရှင်နဲ့တောင် ရန်ဖြစ်တဲ့ ကောင်လေး အခုတော့ အထည်ကြီးပျက် လူတစ်ချို့ ငွေဂုဏ်မောက်နေတဲ့ လူတစ်ချို့က မထိတထိပြောပြီး အော်ငေါက်ရင်တောင် ပြန်မပြောဘဲ ငြိမ်နေလေသည်

ဦးချမ်းမြေ့ရဲ့ ဆိုင်က လူဂုဏ်ထန်မိသားစုတွေ အများစု လာသော ဆိုင်ဖြစ်သည် တစ်ချို့ကတော့ ဆက်ဆံရေး ပြေပြစ်ပေမယိ့ တစ်ချို့ကျတော့ မာန်တက်နေတတ်သည် တစ်ခါတစ်လေ ဦးချမ်းမြေ့ကို စီးပွာပြိုင်နေကြသူများ မနာလိုနေကြသူများလဲ လာတတ်သည် ထိုသူများက ဦးချမ်းမြေ့ ဆိုင်က ဝန်ထမ်းတွေကို ပြဿနာ မရှိ ပြဿနာ ရှာတတ်သည်

ဒီနေ့က သျှားမာန် အလုပ်စလုပ်တဲ့နေ့ ဖြစ်ပြီး သူ့အတွက် ကံမကောင်းတဲ့နေ့ဟုပဲ ပြောရမလား ဦးချမ်းမြေ့နဲ့ နှစ်ရှည်စွာ ပြိုင်ဆိုင်လာသူ ဦးမျိုးမြတ် ရဲ့သား ဖြစ်သူ 'အဂ္ဂ' ဆိုင်သို့လာကာ dinner လာစားလေသည်

ကံဆိုးစွာဖြင့် ကျန်သော ဝန်ထမ်းများ မအား၍ သျှားမာန် အဂ္ဂ ရှိရာ စားပွဲ ဝိုင်းသို့ လာရန်ပြင်လိုက်သည်

သျှားမာန် လာရန်လုပ်တော့ နောက်မှ မန်နေဂျာက လက်ကိုလှမ်းဆွဲကာ ပြောလိုက်သည်

"သျှားမာန် သတိထားပြီး ဆက်ဆံနော် သူက ပြဿနာအိုး"

သျှားမာန် အနည်းငယ်တော့ ထိပ်လန့်သွားသည် သူသည်းခံနိုင်ပါ့မလားဆိုပြီး စိုးရိမ်လာရသည်

ဒါပေမယ့် ကြိုးစားပြီး အကောင်းဆုံးဆက်ဆံပေးရန် ဆုံးဖြတ်ကာ ထွက်လာလိုက်သည်

စားပွဲရှေ့ရောက်တော့ အဂ္ဂမိုးရှေ့သို့ menu ပေးကာ အသံကို ညှင်သာစွာပဲပျော်လာသည်

"ဘာများအလိုရှိပါသလဲခင်မျ"

အဂ္ဂ ထိုအသံကိုကြားတော့ ခေါင်းမော့ကြည့်လိုက်ချိန် သူ့အား အပြုံးလေးဖြင့် ကြည့်နေသူ သျှားမာန်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now