Ep4 💞

2.1K 101 0
                                    

#unicode

"အကို....."

"‌အင်း...ပြော"

"အကို ကျွန်တော့်ကို......"

"တော်လိုက်တော့ စားစရာတစ်ခုခု လုပ်ပေးမယ် ခဏစောင့်"

"ကျွန်တော်ဘာပြောမှာလဲ အကိုသိလို့လား"

ဖြိုးမြတ် သက်ပြင်းတစ်ချက်ချကာ ဝေယံအားကြည့်ကာ

"ကလေးကလားနဲ့ မင်းကိုချစ်လားလို့မေးမှာ မှတ်လား"

ဝေယံ ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်

"အကိုကသိနေပြီပဲ အာ့ဆိုဖြေလေ ချစ်လား"

"ဘယ်တော့မှ အဲ့လိုတွေ လုပ်တာ ရပ်မှာလဲ မင်းကိုပြောပြီးသား ငါ့အလုပ်ရှင်ရဲ့ တူလို့ပဲ သဘောထားတယ် အဲ့ထက်မပိုဘူး"

ဝေယံ မျက်နှာ အနည်းငယ်ငြိုးသွားကာ ပြန်ပြောလာသည်

"သိပါတယ် အကို အဲ့လိုပြောမယ်ဆိုတာ တကယ်တော့ ကျွန်တော်ပြောချင်တာ အဲ့ဒါ မဟုတ်ပါဘူး"

"အာ့ဆိုဘာလဲ"

"အကို ကျွန်တော့ကို မင်း : အကိုလေး အဲ့လို မခေါ်လို့မရဘူးလား ကျွန်တော် တောင်းဆိုတာပါ ကျွန်တော့်ကို ဝေယံလို့ပဲ ခေါ်ပေးလို့မရဘူးလား အကိုကအမြဲ ကျွန်တော့် အပေါ်ဆို စိမ်းတယ် ပြီးရင် အမြဲ ကျွန်တော့်ကိုဆို ကောင်းကောင်း မဆက်ဆံဘူး"

ဝေယံ ပြောရင်းဖြင့် အလွန်စိတ်မကောင်းဖြစ်ကာ မျက်နှာ ပျက်သွားသည်

ဖြိုးမြတ်လဲ ဝေယံပြောသလိုခေါ်ပေးရန်သာ သဘောတူလိုက်သည်

"အင်း ...ခေါ်ပေးမယ် အဲ့မျက်နှာ လုပ်မနေနဲ့ လုပ်စရာရှိတာ လုပ်တော့ စားဖို့ ပြင်ထားပေးမယ်"

ဝေယံ ချက်ချင်းပင် မျက်နှာကြီး လင်းလက်လာကာ ပြန်ပြောလာသည်

"ဟုတ် အကို ဒါဆို ကျွန်တော် အပေါ်တက်လိုက်အုန်းမယ်"

ပြောပြီးအသားကုန်ပင်ပြေးတက်သွားသည်

*******

"ဟျောင့် သျှားမာန် မင်းတစ်ချိန်ဘာလို့ ပြေးသွားတာလဲ"

"အလုပ်သွားကြည့်တာ ဝေယံ ခေါ်သွားပေးတာနဲ့ လိုက်သွားလိုက်တာ"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now