Ep21💞

1.6K 83 8
                                    

#unicode

"ဦးရေ ထတော့ ညနေစောင်းနေပြီ ဦးဖျားလိမ့်မယ် ဦး ထအုန်း"

နေ့လည်ပြန်ရောက်ကတည်းကအိပ်နေတာ အခုထိမနိုးသေးဘူး ညနေတောင်ရောက်နေပြီ ဦးနေမကောင်းဖြစ်မှာ ဆိုးလို့အမြန်နှိုးနေရတယ်

"ဦးရေ ထလို့"

"ဟင် ဘယ်အချိန်ရှိပြီလဲ"

"ငါးနာရီတောင်ရှိနေပြီ အိပ်နေတာ အကြာကြီးပဲ နေမကောင်းဖြစ်မယ် ထတော့"

"ကိုယ်အဲ့လောက်တောင် အိပ်ပျော်သွားတာလား"

"ဟုတ်တယ် ထတော့"

ဦးကထလာတော့ ကျွန်တော်မတွဲပေးဘဲ ရပ်ပဲကြည့်နေလိုက်တယ်။

ရုတ်တရက်ဦးကယိုင်ကျသွားတာကြောင့် အမြန်ထိန်းကိုင်ပေးလိုက်ရင်း

"ဦးအဆင်ပြေရဲ့လား"

"ကိုယ့်ခြေထောက်တွေအားမရှိတော့သလိုပဲ မူးလဲမူးလာတယ်"

"ဟင် ဖျားပြီနဲ့တူတယ် နေ့လည်ထဲကအိပ်နေတာကို ပြန်လှဲနေလိုက်အုန်း ကျွန်တော်ဆေးသွားယူပေးမယ်"

ဦးကိုကူကာ အိပ်ရာပေါ်ပြန်လှဲခိုင်းလိုက်ပြီး အခန်းထဲကထွက်လာခဲ့လိုက်တယ် ဦးအတွက် ဆန်ပြုတ်နဲ့ဆေးနဲ့ ယူလာပြီးမှ ဦးဆီပြန်သွားရတယ်

ဦးနေမကောင်းဖြစ်မှာပေါ့ အရင်ရက်တွေကလဲ တစ်ရက်မှကောင်းကောင်းမအိပ်ရဘူး အလုပ်တွေပုံနေတာဆိုတော့ ပြီးတော့ စိတ်ဖိစီးတာတွေများတော့ အခုလိုဖြစ်ပြီလေ

တွေးရင်း ကိုယ့်ကိုကိုယ်တောင်အပြစ်တင်မိတယ် ဦးကိုစိတ်ဆိုးခဲ့ပြီး စကားလဲမပြောဘဲ ပစ်ထားခဲ့မိတယ်လေ ကိုယ်လဲအပြစ်မကင်းသလိုခံစားရတာကြောင့် ဦးကိုအကောင်းဆုံးပြုစုပေးရမှာပေါ့

"ဦး ထအုန်း ဆေးသောက်မယ်"

ဦးကဖြေးဖြေးချင်းထလာတယ် ဦးကိုဆန်ပြုတ်ပန်းကန်လေးကမ်းပေးလိုက်တော့ ဦးကရီဝေဝေမျက်လုံးတွေနဲ့ကြည့်လာတယ်

"ဦးဘာဖြစ်လို့လဲ မသောက်ချင်ဘူးလား မသောက်ချင်လဲသောက်ရမယ်လေ ဦးရယ် အာ့မှနေကောင်းမှာပေါ့"

"ခွံ့ကျွေး ကိုယ့်ကို"

အရင်ရက်တွေက ကိုယ့်ကိုမ‌ေခါ်ဘဲ ပစ်ထားပြီးနှိပ်စက်ထားတဲ့မင်းလေးကို အခုကိုယ်ကအပြစ်ပေးရမှာပေါ့.....

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now