Ep24💞

1.4K 81 6
                                    

#unicode

တစ်ချို့လူတွေအတွက်ကျ ဖျက်သန်းရတဲ့ဘဝက ပျော်စရာကောင်းတယ် ပြီးပြည့်စုံတယ် တစ်ချို့ကျ အရာရာမှာ ပြည့်စုံခြင်းမရှိဘူး

ဒါပေမယ့်လဲ လူတိုင်းမှာ တစ်ခုမဟုတ်တစ်ခုတော့ မပြည့်စုံတာရှိမှာပဲ အလွယ်တကူကြည့်ရင် လူတိုင်းကလိုချင်တာကိုမရတတ်သလို မလုပ်ချင်တာတွေလုပ်နေရတာကိုပဲကြည့်လေ ဘယ်အရာကပြည့်စုံနေလို့လဲ

အဲ့လိုလူတွေထဲမှာမှ ကျွန်တော်ကကော သူတို့လိုပဲ မပြည့်စုံမှုတွေရှိတယ် ဒါပေမယ့် ကျွန်တော့အတွက်ကျ အရာရာကမပြည့်စုံဘဲ ခက်ခဲနေတယ်

ကျွန်တော် ဦးအိမ်ကထွက်လာပြီးတော့ အရင်နေတဲ့ အိမ်လေးကိုပြန်လာခဲ့တယ် ကျွန်တော်တစ်ရက်လောက်ပဲနေပြီး ဖွားဖွားနဲ့အတူ တခြားနေရာကိုပြောင်းလာခဲ့တယ် ဒီနေရာမှာနေရင်လဲ ဦးလိုက်လာနိုင်တယ်လေ အဲ့တော့ဦးနဲ့အဝေးဆုံးကိုပြောင်းခဲ့တယ်

ကျွန်တော် အိမ်သေးသေးလေးတစ်လုံးငှားခဲ့တယ် တကယ်ကိုမှသေးသေးလေး ဦးအိမ်ကကျွန်တော့အခန်းလောက်တောင် မကျယ်တဲ့နေရာလေးပေါ့ ကျွန်တော်ဝမ်းမနည်းပါဘူး အရင်ကလဲ ကျွန်တော်ကအခုလိုဘဝပဲလေ

ခြံလေးနဲ့အိမ်သေးသေးလေးကိုငှားဖို့ ကျွန်တော်စုထားသမျှငွေ အကုန်ထုတ်သုံးခဲ့တယ် တော်သေးတယ် အိမ်လေးငှားဖို့လောက်ငှတယ်လေ အိမ်ပိုင်ရှင်ဒေါ်လေးကလဲ သဘောကောင်းပါတယ် အိမ်လခကိုပိုပြီးလျှော့ပေးတယ်

အခုဆို ကျွန်တော်တို့ ဒီအိမ်လေးမှာနေတာ တစ်လပြည့်တော့မယ် ကျွန်တော်အချိန်ပိုင်းအလုပ်တွေလဲအများကြီးလုပ်တယ် အုတ်သယ်တဲ့အလုပ်တောင် ကျွန်တော်လုပ်ဖူးခဲ့တယ် ကျွန်တော့ကိုယ်သေးသေးလေးနဲ့ အုတ်သယ်ရတာ အရမ်းပင်ပန်းတယ်ဗျ တစ်ကိုယ်လုံးကိုကိုက်ခဲနေတာပဲ

ညနေ အိမ်ပြန်ရောက်ရင် ဖွားဖွားကိုဆေးတိုက်ရသေးတယ် ဖွားဖွားဆေးတွေကကုန်တော့မယ် အခုတိုက်နေရတာတွေက ဦးဝယ်ပေးထားတဲ့ ဆေးတွေလေ အခုတစ်လပြည့်တော့မှာဆိုတော့ ဖွားဖွားအတွက်ကလဲ ဆေးဝယ်ရအုန်းမယ် အိမ်လခကလဲ ပေးရအုန်းမယ် ကျွန်တော်ပိုက်ဆံ‌ေလးတွေစီကာ ထိုင်ရေနေရင်း

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now