Ep30💞

1.6K 78 2
                                    

#unicode

ကျွန်တော့ရှေ့ အရွဲ့တိုက်ကာ ဖြစ်ပျက်ပြနေတဲ့ အဲ့ကောင်လေးကို ကျွန်တော်တကယ်စိတ်ပျက်တယ် ဘယ်လိုတားရမလဲဆိုတာလဲကျွန်တော်မသိဘူး.... မကြာပါဘူး သူတို့ကိုတားဆီးလို့ရမဲ့သူလေးရောက်လာခဲ့တယ်

"ဒေါ်လေးရောက်လာတာလား"

"အင်း သားအဂ္ဂအတွက် မုန့်လာပို့ပေးတာ အကို့ကျန်းမာရေးလဲ တစ်ချက်ကြည့်ချင်လို့လေ"

"ကျွန်တော် သွားခေါ်ပေးမယ်နော် ခဏလေးစောင့်နော် ဒေါ်လေး"

‌အဂ္ဂရဲ့ဒေါ်လေးရောက်လာတာဆိုတော့ အဂ္ဂသူ့ဒေါ်လေးကိုတော့ ထွက်မတွေ့ဘဲနေမှာ မဟုတ်ဘူးလေ.... ကျွန်တော်အပေါ်ထပ်တက်လာပြီး အဂ္ဂတို့အခန်း‌ေရှ့မက်တပ်ရပ်လိုက်တယ် ကြားနေရတဲ့အသံတွေကြောင့် လက်သီးကို ခပ်တင်းတင်းဆုပ်ပြီး အံကြိတ်ထားမိတယ် အဲ့ငြီးသံတွေကို ကျွန်တော်မုန်းတယ် အဂ္ဂရဲ့ကျေနပ်သံတွေက ကျွန်‌ေတာ်နဲ့ပဲဖြစ်သင့်တာလေ

ကျွန်တော်အားတင်းပြီး တံခါးခေါက်လိုက်တယ်

"အဂ္ဂ မင်းဒေါ်လေးရောက်နေတယ်"

"ဒေါ်လေး! ဘာလာလုပ်တာလဲ"

"အဂ္ဂအတွက်မုန့်လာပို့တာလို့ပြောတယ် အဂ္ဂအဖေကိုလဲ လာကြည့်ရင်းလေ"

"ကောင်းပြီ ငါထွက်ခဲ့မယ်"

တွေ့တယ်မှတ်လား အဂ္ဂကသူ့ဒေါ်လေးဆိုရင်တော့ ဘယ်တော့မှ လျစ်လျူမရှုတတ်ဘူး

ကျွန်တော်ကျေကျေနပ်နပ်နဲ့ပဲ အောက်ထပ်ပြန်ဆင်းလာခဲ့လိုက်တယ်

*****

‌"ဒေါ်လေးလာတယ်တဲ့လေ တော်တော့"

"ကိုယ်မတော်ချင်ဘူး ဒေါ်လေးကိုခဏလောက်စောင့်ခိုင်းလဲရပါတယ်"

"မရဘူး ထတော့ သွားဒေါ်လေးကိုသွားတွေ့လိုက်"

"အင်း ကောင်းပါပြီဗျာ ကိုယ်သွားတွေ့ပြီးပြန်လာခဲ့မယ်နော်"

"အင်း"

အကိုအဂ္ဂအဝတ်အစားတွေဝတ်ပြီး အပြင်ထွက်သွားတော့ ကျွန်တော်ဘေးက တဘတ်လေးတစ်ထည်ယူကာ ခါးမှာ ပတ်ရင်း အခန်းအပြင်နည်းနည်းလောက်ထွက်ပြီး အောက်ကိုလှမ်းကြည့်လိုက်တယ် အကို့ဒေါ်လေးဆိုတော့ ကျွန်တော်သိချင်တယ်လေ....

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now