Part 1(1.28.Thu)

9.4K 497 14
                                    

"ရှောင်းကျန့် မင်းကိုအလုပ်ထုတ်လိုက်ပြီ"

"ရှောင်းကျန့် နောက်ရက်ကစပြီး ဆိုင်လာစရာမလိုတော့ဘူး"

"ရှောင်းကျန့် မင်းကို နက်ဖြန်ကစပြီး ဒီဆိုင်မှာမတွေ့ချင်ဘူး"

"ရှောင်းကျန့် ရှင်နဲ့ ကျမနဲ့ပြတ်ပြီ"

"ရှောင်းကျန့် ........

"ရှောင်းကျန်.........

"ရှောင်းကျန့်........

"ရှောင်းကျန့်.......

အစရှိသဖြင့်နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဟာ
ရှောင်းကျန့်အတွက်တော့ အဆင်မပြေမှုများနဲ့
အစပြုလေရဲ့.....၊

"အားးး ဘာလို့ လောကကြီးက ငါတစ်ယောက်ထဲ
ကွက်ပြီး ကံဆိုးနေရတာလည်း ? ဘာလို့လဲ?
Why!! give reason!!!!"

ရှောင်းကျန့်တစ်ယောက် စိတ်ပေါက်ပေါက်နဲ့ ရှေ့မှာရှိနေတဲ့ ခဲလုံးအား ခြေထောက်ဖြင့်ကန်လိုက်သည်....၊

သို့သော် ခြေသံရှည်သည့်အတွက်ကြောင့် အရှိန်လွန်ပြီး နောက်လှန်ကျပါလေရော...။

"အားးးးး!!!! မားးး!!!"

"ဟေ့ ကောင်လေး!!! "

ရှောင်းကျန့် မျက်လုံး
မမှိတ်ခင် နောက်ဆုံးကြားလိုက်ရတဲ့ စကားက၊

"စိတ်မကောင်းပါဘူး ကောင်လေး ဒါဟာ
ကံတရားဘဲ"

လာပြန်ပြီ ၊ ကံတွေ မယုံပါဘူး ဆိုဗျာ ။

....

....

....

ဘာလဲ ၊ ငါသေသွားပြီလား၊ လခွမ်းထဲမှ သေတာတောင် ကိုယ့်ခြေထောက်ကိုယ် မနိုင်ဘဲ  သေရတယ်လို့ လူကြားလို့မှ မကောင်း။

"လမ်းဖယ်ကြပါ!!!လမ်းဖယ်ကြပါ!!!
ဟေ့ ဟိုရှေ့က မှောက်ရက်လှဲနေတဲ့ ကောင်လေး
မင်းဒီတသက် ထဖို့ အစီအစဉ်ရှိလား နောက်မှာ
မြို့စားမင်းလာနေပြီ"

ဘာလဲဟ ! ငါဘာတွေကြားနေရတာတုန်း၊
ငရဲပြည်ရောက်သွားတာများလား ။

"ဖြန်း!!!!!"

ရုတ်တရပ် ကျောကုန်းအရိုက်ခံလိုက်ရတဲ့ ရှောင်းကျန့် ၊
အားပါးပါးး မဟုတ်မှ ငါဆီအိုးထဲမှာ ကြော်ခံရတော့မှာလား။

Owner: [Completed]Where stories live. Discover now