Part 8(1.3.Mon)

2.3K 206 2
                                    

"ကလေးတွေအလှည့်မကျော်နဲ့ တစ်ယောက်ချင်းစီ
တန်းစီမယ် ၊ နေရာမလုရဘူး ၊ စည်းကမ်းရှိပါ"

အော်တဲ့သူကသာ အ်ာနေတာ နားထောင်မဲ့သူကမရှိ။

21ရာစုအခေါ် စပီကာလိုပုံစံမျိုး ပစ္စည်းကိုင်ကာ  ကလေးတွေကို အားရပါးရ အော်ပြောနေတဲ့ရှောင်းကျန့်ကို ကြည့်ပြီး စားဖိုချက်ကြီးလော့ယွင်ရှီးတစ်ယောက် ခေါင်းခါတယ်။

ဒီနေရာမှာ ဝမ်ရိပေါလည်း ရှိနေပြီး သူ့လင်ကို စိုက်ကြည့်နေတာက မသိရင် သူ့ပစ္စည်းခိုးထားတဲ့ သူခိုးကို ကြည့်နေတဲ့အတိုင်း ကြည့်နေသည်။

"ဟေ့ကောင် ဝမ်ရိပေါ မင်းတို့အပါးဆီသွားခဲ့ပြီလို့
ငါက ထင်နေတာ ၊ လတ်စသတ်တော့ မင်းကဒီရောက်နေတာဘဲ ဒါနဲ့  ဒီမှာဘာလုပ်နေတာ"

အနားရောက်လာတဲ့ ချန်းဖေးယွီက ဝမ်ရိပေါ ပုခုံးပေါ် လက်ထောက်လို့ စကားဆိုသည်။

"ရပ်ကြည့်နေတာ"

"ဘာကိုလဲ "

ချန်ဖေးယွီ ဝမ်ရိပေါကြည့်နေတဲ့ဘက်ကို အကဲခက်လိုက်တော့ သူ သဘောပေါက်သွားတယ် ။

"ဟေ့ အိုးမိုးခွက်!!!!"

ချန်ဖေးယွီအော်သံက ဟိန်းသွားတော့ အနီးအနားမှာ နေရာလုနေတဲ့ ကလေးတွေတောင် အသံတိတ်သွားပြီး သူ့ဘက်ကို လှည့်ကြည့်လာတယ်။

ဝမ်ရိပေါက အေးအေး ဆေးဆေး သူ့ အရှေ့တည့်တည့်မှာ ရှိတဲ့ ရှောင်ပေါက်ကိုဘဲ မျက်နှာမလွဲ ကြည့်နေလိုက်တယ်။ သူသိပြီးသား ဒီဗရုတ်သုတ်ခကောင်က စောက်တလွှဲတွေလုပ်တော့မယ်ဆိုတာ ။

"အင်ကျီ နီညိုရောင်နဲ့ တစ်ယောက် မင်းကိုင်ထားတဲ့ ပစ္စည်းက ငါ့အကိုတော် ဝမ်ရိပေါဟာမဟုတ်လား? ဒီမှာ ပိုင်ရှင်ကိုမြန်မြန် လာအပ်လိုက်စမ်း!  ငါ့အကိုတော်က သူ့ပစ္စည်း သူများ ကိုင်တာ ကြိုက်တာမဟုတ်ဘူး ၊ နေပါအုံး၊ အဲ့ပစ္စည်းကို  ဘယ်က ယူထားတာလဲ!!"

ရှောင်းကျန့်ကြောင်သွားတယ် ၊  ဘာလဲ ဒီစောက်ခလေးက  အခုငါ့ကို လာအော်နေတာလား ? ငါ့လိုဝမ်ရိပေါရဲ့တစ်ဦးတည်းသော ယောကျာ်းကိုလေ ၊ ဘာတဲ့ ခေါတာတောင်  အိုးမိုးခွက်ဆိုဘဲ တွေ့ကြသေးတာပေါ့။

Owner: [Completed]Where stories live. Discover now