Part 2(1.30.Sat)

4.3K 387 15
                                    

သူတို့နားမလည်တဲ့စကားနဲ့  ငါက မိန်းမယူမှာဆိုတဲ့
စကားကြောင့်....၊ ကိုယ်အလေးချိန်တိုင်းဖို့လုပ်နေတဲ့
အစေခံတစ်စုနဲ့ ဝမ်ရိပေါရဲ့ အဘွားက ၊
ရှောင်းကျန့်ကို အံ့သြသလို လှမ်းကြည့်လာကြသည်။

ဘာ..ဘာလဲ ဘာလို့အဲ့လို လာကြည့်နေတာလဲ၊ ငါ ရှောင်းကျန့်က အမေမွေးကတည်းက ခြေဆန့်ပြီး မွေားလာတာ ၊ အဖြောင့်ကွ အဖြောင့်။

....

....

....

"ရိပေါ မြေးရဲ့ ကြင်ယာတော်က ဘွားကြားထားတဲ့
ကောလဟာလတွေထဲကလို တကယ်ဖြစ်နေတာလား"

"သူအရမ်း စိတ်လှုပ်ရှားနေလို့ပါ အကြီးအကဲ၊
ခနလောက် သူ့ကိုပေးနားလိုက်ရင် အဆင်ပြေသွားမှာပါ"

"အာ  ဟုတ်တာပေါ့ ၊  ရှောင်အိမ်တော်က မမလေးက
မိန်းခလေးတစ်ယောက်ဆိုတာ ဘွားမေ့သွားတယ်၊
ဒါဆိုလဲ ကိုယ်အလေးချိန်တိုင်းပြီးရင် ခနသွားနားလိုက်ပါ"

မမလေးဆိုတဲ့ စကားကြောင့် ရှောင်းကျန့် မျက်လုံးပြူးကျယ်လာတယ် ။ ဘယ်လိုဘဲ သူများခေတ် ရောက်နေတယ်ပြောပြော gander တော့ အမှားမခံနိုင်ပါ ။

"ဒီမှာ ခင်များတို့မှားမယ်နော် ကျွန်တော်က ယောကျာ်း လေးဗျ"

အစေခံများ-"......."

ရှောင်းကျန့် ပြောသော်လည်း  အကြီးအကဲကတော့ အပြုံးမပြတ် စကားဆက်တယ်။

"အိုးကွယ် ယောကျာ်လေးတစ်ယောက်ရဲ့ခါးက
ဒီလောက်တောင် သေးပါ့မလား ကြင်ယာတော်လေးရဲ့"

ယောကျာ်းလး ဖြစ်တာနဲ့ဘဲ ခါးကြီးရတော့မှာလား ၊ မဆိုင်လိုက်တာ ၊ ရှောင်းကျန့် ဝမ်ရိပေါ် ဘက်လှည့်လိုက်ပြီး မေးဆက်ပြလိုက်သည်။

"ဟေ့ ဝမ်ရိပေါ် ငါကယောကျာ်လေးဆိုတာ
မင်းတို့ အကြီးအကဲကို တစ်ချက်လောက် သတိပေးလိုက်ပါအုံး"

သို့သော် ဝမ်ရိပေါ်က ရှောင်းကျန့်ကို လူထူဆန်းလိုကြည့်လာပြီး မျက်မှောင်ကြုံ့ကာ ၊

"မင်းကိုယ်မင်း ယောကျာ်လေးလား မိန်းခလေးလားဆိုတာတော့ ခွဲတတ်တယ်မဟုတ်လား"

Owner: [Completed]Where stories live. Discover now