Part 7(25.2.Thu)

2.4K 224 4
                                    

"ဆိုတော့ ခင်များကလည်း21ရာစုကလာတာပေါ့ ၊
စာဖိုချက်ကြီး လော့ယွင်ရှီး "

ရှောင်းကျန့်တို့နှစ်ယောက် ဟိုတလောက မတော်တဆ ပြိုင်တူဆဲမိရာမှ တစ်ယောက်နဲ့တစ်ယောက်သတိထားမိခဲ့ကြခြင်း ဖြစ်သည်။

[21ရာစုဆဲနည်းWTF!တို့ဘာတို့ညာတို့😂]

"အင်း ဟုတ်တယ် ၊ ငါလို လူတစ်ယောက် ဒီမှာရှိလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး"

"ဟားး ကျွန်တော်လည်းဘာထူးလို့လည်း ၊ ဒါနဲ့
ခင်များဒီမှာရောက်တာ ဘယ်လောက်ကြာပြီတုန်းဗျ"

စာဖိုချက်ကြီးက သူနဲ့ဆို အကို အရွယ်လောက်ရှိတာကြောင့် ရှောင်းကျန့်  ခင်များနဲ့ကျွန်တော်လို့ ပြောင်းသုံးလိုက်ခြင်း ၊ မင်းနဲ့ငါက ရင်းနှီးမှုကိုပြတယ် ဆိုပေမဲ့ အသက်ကွာနေရင် ယဉ်ကျေးမှုမရှိဘူးလို့  ရှောင်းကျန့်ထင်သည်။

"မကြာသေးဘူး ၊ 3လလောက်ဘဲရှိသေးတာ
မင်းကော"

"ရက်ပေါင်း20တောင်မပြည့်သေးပါဘူးဗျာ ၊ စကားမစပ် ခင်များက ဒီကို ဘယ်လိုရောက်လာတာလဲ "

"အင်း ငါက နှလုံးရပ်ပြီး သေခဲ့တာ ထင်တာပါဘဲ ၊ မျက်လုံးနှစ်လုံး ဖွင့်လာတော့ ဒီကို ရောက်နေပြီး ဟင်းချက်တာဝန် တန်းယူရတော့တာဘဲ  ၊ မင်းကော ဘယ်လိုလဲ "

"မပြောချင်ပါဘူးဗျာ ၊  လမ်းမှာ ရုတ်တရပ်ကြီး ကောက်သေသွားပြီး ၊ ဘာမှတောင် ရေရေရာရာ မသိသေးဘူး ၊ အခုလ်ု ရုတ်တရပ်ကြီး ယောကျာ်းတစ်ယောက် ရလိုက်တယ်လေ"

"ဒါပေမဲ့ ဝမ်ရိပေါက မင်းကို ဂရုစိုက်ပါတယ် "

"အဲ့ကြောင့်မို့ တော်သေးတယ် ပြောရမယ် ၊ကျွန်တော်ပြန်တော့မယ် ၊ ဝမ်ရိပေါပြန်ရောက်နေလောက်ပြီ ၊ နောက်မှထပ်တွေ့တာပေါ့ဗျာ"

"အင်း ငါ လိုက်မပို့တော့ဘူး "

________Owner.

"ဟေ့ ငါ့အကို မင်းယူထားတာက မိန်းခလေး မဟုတ်ဘူးဆို"

"ငါကမင်းထက်ကြီးတယ် ရိုရိုသေသေဆက်ဆံ ချန်းဖေးယွီ"

"ဟွန်း"

ချန်းဖေးယွီ နှုတ်ခမ်းစူကာ နှာတစ်ချက်မှုတ်ထုတ်လိုက်ပြီး၊

Owner: [Completed]Where stories live. Discover now