Part 10(12.3.fri)

2.4K 204 5
                                    

[A-N/ ဒီအပိုင်းက ပေါပေါလေးနဲ့ ကောကောကြီး အတွက်ပါ ❤️ဦးဦးနဲ့ ကလေးက နောက်တစ်ပိုင်းမှသီးသန့်]

_______Owner.

"အားး ဝါးးဝါးးးဝါးးး အိပ်လို့ကောင်းလိုက်တာ"

ရှောင်းကျန့် လက်နှစ်ဖက်ကို အကြောဆန့်လို့ အားရပါးရ အာသန်းလိုက်သည်။  ပြီးတော့မှ သူအခုရောက်နေတဲ့
အခန်းကို တစ်ချက်စူးစမ်းလိုက်တယ်။

အခန်းပုံစံက ရိုးရိုးရှင်းရှင်းလေး ၊ အကာအရံတွေကို ကြည့်ချင်းအားဖြင့် ဝါးရဲ့အထောက်အကူနဲ့ ဆောက်ထားတဲ့ပုံဘဲ၊ အင်းးး ခေါင်းအုံးကလည်း ဝမ်ရိပေါတို့ဆီကလို မာမာတောင့်တောင့်ပုံစံမဟုတ်ဘူး ၊ အိအိလေး ရှောင်းကျန့်အထင် အနီရောင် ပိတ်စကို အသုံးပြုပြီး အထဲမှာသဘာဝဝါဂွမ်း  ထည့်ကာ  ပြုလုပ်ထားတာဘဲနေမှာ ၊ အဲ့ကြောင့်
အိပ်လို့ကောင်းနေတာ။

"နိုးနေပြီလားရှောင်ပေါက် ကိုယ်က မင်းနိုးလာရင်
စားရအောင်လို့ ငါသွားးပေါင်းပေးတာ "

"အင်း"

"လာ ထ အပါးတို့နဲ့မိတ်ဆက်ပေးမယ်"

"Ok"

___________Owner.

ရှောင်းကျန့်အပြင်ထွက်လာတော့  အချိန်က မှောင်တောင်မှောင်နေပြီ  ။ ရှေ့နားက မီးပုံ ကြောင့်သာ မဟုတ်ရင်
ဘားမှရှင်းရှင်းလင်းလင်း  မြင်ရမှာမဟုတ်ဘူး။

"ဝမ်ရိပေါ ဟိုနားက ဝါဂွမ်းပင်က"

"မှော်သစ်ပင်လေ နေ့ဘက်ဆိုပုံမှန်ပေမဲ့ ညဘက်ရောက်ရင်တော့  မှော်အစွမ်းကြောင့် တစ်ပင်တည်း ကွက်လင်းနေတတ်တာ"

"ငါသွားကြည့်လို့ရလား ရိပေါ "

ရှောင်းကျန့် လေအဟုန်နဲ့ အပင်စီပြေးသွားပြီး အောက်မှာ ကျနေတဲ့ ဝါဂွမ်းစတွေကို သွားကိုင်ကြည့်လိုက်တယ်။

အာ ဘယ်လိုပြောရပါ့ နုညံ့လွန်းတယ်။

"သဘောကျလား ရှောင်ပေါက်"

"အင်း ငါသဘောကျတယ်"

ဝမ်ရိပေါကိုမကြည့်ဘဲ သူကိုင်ထားတဲ့ဝါဂွမ်းစကိုသာ
ကြည့်ပြီးပြုံးကာ ဖြေနေတဲ့ ရှောင်းကျန့်က တကယ်လှပါတယ်။ 

Owner: [Completed]Where stories live. Discover now