Part 12(24.3.Wed)

1.8K 163 2
                                    

"သမက်လေး ရှောင် ထည့်စားနော်။ သားကြီးက သူ့ရဲ့ခင်ပွန်းလေးကို အရမ်းချစ်တာဘဲ ၊ မနက်စောစောလထပြီးတောင် မြစ်နုနုလေးတွေ သွားချိုး လာတာ "

"ဟုတ်ပါ့ အဖေနှစ်ယောက်စီ မလာစဖူး လာလည်ပါတယ်။ လတ်စသတ်တော့ သူ့ခင်ပွန်းလေးကို လာကြွားတာကိုးး"

"အာ..."

ဒီလို ဆိုတော့ ရှောင်းကျန့် နည်းနည်းရှက်ပါသည်။

ဝမ်ရိပေါကဘဲ "မစနဲ့တော့ ဝမ်ပါးနဲ့ ချန်ပါး ကျွန်တော့်ရှောင်ပေါက်လေး နေရခက်နေပြီ"

"သမက်လေး ရှောင် မျက်နှာမော့ပါအုံး၊ နေရခက်နေတဲ့ ပုံစံလေးကို မြင်ဖူးချင်လို့"

"ယောကျာ်း ခင်များကလည်း အဲ့တာနေရခက်နေတာ
မဟုတ်ဘူး။ ရှက်နေတာ။ ဟုတ်တယ်မလား သမက်ကလေး"

"မဟုတ်....မရှက်....အာ"

လည်ပင်းကို လက်နဲ့ပွတ်ပြီးပြောနေတဲ့ ရှောင်းကျန့်ကို မြင်တော့ ဝမ်ရိပေါ ပါးစပ်ဟောင်းလောင်းဖြစ်သွားတယ်။

သူ့ရဲ့ရှောင်ပေါက်က အဲ့လိုလဲရှက်တတ်သေးတာလား  ?ဟိုအချိန်ဆိုရင်တောင် ရှက်တဲ့ပုံစံတစ်ခုမပြတဲ့ ရှောင်ပေါက်ကလေ ။

"ဟားး ဟားး ပါးတို့က စတာပါ ။ လွတ်လွတ်လပ်လပ်သာစား" ချန်ပါးကပြောလိုက်သည်။

"ယောကျာ်း ဒီလိုဆိုတော့လည်း သားငယ်လေးကို
သတိရလိုက်တာ"

"အင်း ကိုယ်လည်းသတိရတယ် ။ ဒါပေမဲ့ မင်းသားက
အသက်ကဥလောက်နဲ့ ရွပိုးထိုးနေတာလေ ၊ အဘွားဖြစ်သူကပါ မြှောက်ပေးနေတော့ ပိုဆိုးတာပေါ့"

"သားငယ်လေးအတွက် စိတ်ပူလိုက်တာ၊ ဘာလ်ုလ်ုနဲ့  နောက်လဆို ဖူးစာရေးပွဲတောင် ရောက်တော့မယ်"

[စိတ်ပူတယ်ဆိုတာ အိမ်ထောင်ပြုဖို့အတွက်ပါ]

ဝမ်ပါး သင်ပြင်းချလျက်  ရှောင်းကျန့်ဆီ ဦးတည်လိုက်တယ်။

"သားကြီးက နဂိုကတည်းက" ငါသာလျှင် အကောင်းဆုံး" ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆွဲကိုင်ထားတာ၊ ကံကြမ္မာကသာ အသက်23ပြည့်ရင် လက်ထပ်ရမယ်လို့ မသတ်မှတ် ထားပေးရင်တော့ ဒီတသက် အိမ်ထောင်မပြုရဘဲ ၊ တောက်ကျန့်ကိုယ်တော် ဖြစ်နေမှာတော့ အမှန်ဘဲ"

Owner: [Completed]Where stories live. Discover now