Part 18 (23/5/Sun)

2.2K 164 1
                                    


အဟမ်း!!

ရှောင်းကျန့်ရဲ့ဇာတ်ကားအတွေ့အကြုံအရ ကလေးမွေးတယ်ဆိုတာ အားဆိုပြီး အသံကုန်အော် ၊ နှုတ်ခမ်းကိုတင်းတင်းကြိတ်လို့ ရှိသမျှအားအကုန်ထုတ်ကာ ချွေးတီးချွေးပေါက်ျတစ်သန်းနဲ့ ညစ်ပြီးမွေးရတယ်လို့ ပြောရမယ်။

ဒါပေမဲ့ သူက ယောကျာ်းလေးလေ။

"ရှောင်ပေါက်အဆင်ပြေပါ့မလားမသိဘူး ချန်ပါး"

ဝမ်ရိပေါ်က ပြောတယ်။ သူ့မျက်နှာမှာတော့ စိတ်ပူပန်မှုတစ်ထောင်နဲ့ ။

"အေးဆေးပါ သားကြီးရာ သမားတော်ကုက အရမ်းတော်တာသိတယ်မလား"

တရုတ်ဆီးသီးကို ပျင်းရိစွာအခွံခွာစားရင် ချန်ပါးက စကားပြန်တယ်။

ဝမ်ရိပေါ် - "........."

တဆိတ်! ရှောင်းကျန့်လေးက အရမ်းသတ္တိရှိတာ သိတယ်မလား ။ ဘာဘာညာညာဆိုပြီး သူ့ရှောင်ပေါက်နဲ့ပတ်သက်တာတစ်ခုခုပြောပြီး အားပေးရမှာမဟုတ်ဘူးလား။ ဘယ်က သမားတော်ကု တော်တဲ့အကြောင်း ပါလာရတာတုန်း။

ဝမ်ပါးက သူ့ခင်ပွန်းအကြောင်းသိသူပီပီ ရိပေါ ပုခုံးကိုပုတ်ပေးလိုက်ကာ။

"စိတ်မပူပါနဲ့ သားရဲ့ရှောင်ပေါက် အဆင်ပြေပါတယ်"

ချန်းဖေးယွီကလည်း သူ့အပါးစကားထောက်ခံသလို လော့ယွင်ရှီးကျောကိုမှီလျက် ခေါင်းငြိမ့်ပြတယ်။

ဝမ်ရိပေါ်ပေါက်ကွဲတော့မယ် ဘာလို့ ဒီမှာရှိတဲ့လူတွေက အရမ်းပျင်းရိနေတဲ့ပုံ ပေါ်နေရတာလည်း။

"ယောကျာ်းလေးနှစ်ယောက်ပါ ဝမ်သခင်လေး"

ကျယ်လောင်တဲ့သမားတော်ကုရဲ့အသံက ဝမ်ရိပေါ်အပါအဝင် ပျင်းရိနေတဲ့ ကျန်လေးယောက်ကိုပါ ဒီအခြေအနေကနေ ဆွဲထုတ်လိုက်ပြီ။

"ကျွန်တော်ဝင်ကြည့်ချင်တယ်"

ဝမ်ရိပေါ်ရဲ့အသံက စိတ်လှုပ်ရှားမှုတစ်ထောင် ပါဝင်နေမှန်းသိသာလွန်းနေတယ်။

"ဘာတွေများခွင့်တောင်းနေတာတုန်း အပါးတို့တောင်မရီးဆီရောက်နေပြီ" သူ့ညီပြောတော့၊

ဝမ်ရိပေါ်တစ်ခန တိတ်သွားတယ်။ ခုနကပျင်းရိနေတဲ့လူတွေက အခုကျဘာလို့အဲ့လောက်တက်ကြွနေရတာတုန်း။ ငါ့အတွက်လည်း အချိန်ချန်ထားပေးပါအုံး ဟုတ်ပြီလား။

Owner: [Completed]Where stories live. Discover now