Part 6(22.2.Mon)

2.8K 237 2
                                    

"ရှောင်းကျန့်လေးရေ ရှောင်းကျန့် "

အပြင်က ခေါ်သံကြောင့် ရှောင်းကျန့်နဲ့ဝမ်ရိပေါ အိပ်နေရာက နိုးလာတယ် ။

ရှောင်းကျန့်တံခါးပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးတောင်ကောင်းကောင်း မလင်းသေးပါ။

"အကြီးအကဲထင်တယ် ရှောင်ပေါက်"

"ဖွားဖွားကြီးက ဒီလောက်စောစောဘာလာ လုပ်တာပါလိမ့် မဟုတ်မှ.....၊ ငါတို့နှစ်ယောက်အိပ်နေတာကိုများ လာချောင်းတာလား"

"ရှောင်ပေါက်ကတော့ မဟုတ်တာတွေလျှောက်တွေးနေပြန်ပြီ ၊ အပြင်မထွက်ခဲ့နဲ့ ၊ အိပ်ယာထဲမှာနေနေ ၊ အပြင်မှာအေးတယ် ၊  ကိုယ် ဘဲထွက်ကြည့်လိုက်မယ်"

"အင်းး အင်းးး "

__________Owner.

"မြေး ရှောင်းကျန့်လေးကော အိပ်နေတုန်းလား"

"အကြီးအကဲက ဘာကိစ္စရှိလို့များလဲ"

"ဘာကိစ္စရမှာလဲ ဟိုတစ်ပတ်က မြေးကိုပြောခိုင်းထားတဲ့ကိစ္စလေ ၊ နံနက်စောစော ဘုရားကျောင်းမှာဇာတာသွား မေးမလို့ ၊ သွား ရှောင်းကျန့်လေးကိုနှိုးလိုက်အုံး ၊ အတူတူ
သွားရအောင်"

"အဲ့ကိစ္စဆို ကျွန်တော်ပြန်ပြောပြီးပြီးလေဗျာ ၊ ရှောင်းကျန့်က လူသားတစ်ယောက် ၊  ပြီးတော့ယောကျာ်းလေးတစ်ယောက် ၊ ကလေးရဖို့ဆိုတာ မဖြစ်နိုင်ဘူး အန္တာရယ်များတယ် ၊ နောက်ပြီး ကျွန်တော် ခွင့်ပြုမှာ မဟုတ်ဘူး"

"အိုင်ယိုးး မြေးလေးကလည်း ဘာလို့မဖြစ်နိုင်ရမှာလည်း ၊ မြေးတောင် ပါးပါးနှစ်ယောက်ဗိုက်ထဲက ထွက်လာသေးတာဘဲ "

"ဘာဘဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ လက်မခံဘူး အကြီးအကဲ"

ဝမ်ရိပေါရဲ့ သဘောထားက တင်းမာနေတော့ အကြီးအကဲက အင်တင်တင်နဲ့ ရှောင်းကျန့်ဘက် စကားလှည့်သည်။

"ရှောင်းကျန့်ရဲ့သဘောထားကိုကော မေးပြီးပြီမို့လား ၊ မြေးက"

"မမေးရသေးဘူး ၊ သေချာကိုမမေးတာ ၊ ဒီကိစ္စကို
သူလက်ခံမှာမဟုတ်ဘူး ၊ လက်ခံခဲ့တယ်ဘဲထားပါအုံး၊
မျှော်လင့်ထားသလိုဖြစ်မလာရင် သူဝမ်းနည်းရလိမ့်မယ်ဗျ ၊ လက်လျှော့လိုက်ပါ အကြီးအကဲ"

Owner: [Completed]Where stories live. Discover now