Part 9(6.3.Sat)

2.1K 202 13
                                    

"ရှောင်ပေါက် ပြီးပြီလား"

ဒီနေ့က ဝမ်ရိပေါ ရှောင်းကျန့်ကို သူ့အပါးတို့ဆီ
ခေါသွားမယ့်နေ့။

"အင်း သွားရအောင်"

နဖူးပေါမှာဝဲကျနေတဲ့ ခပ်ညီညီဆံပင်အုပ်ကလေးရဲ့
အောက်မှာ ဖဲကြိုးအပြား အနီးရောင်လေးကို သေသပ်စွာ
ပတ်စီးထားသည်။ အနီရောင်ချည်သား အပါး ဝတ်စုံကို
ခါးစီးကြိုးအနက်ရောင်နဲ့ ဝတ်ဆင်ထားတဲ့ ဝမ်ရိပေါရဲ့
ခင်ပွန်းလေးဟာဆိုရင်ဖြင့် ဒီကနေ့မှာ အရမ်းချစ်ဖို့ကောင်းနေပါသည်။

နဂိုကြည်လင်တဲ့အသားအရေဟာ အနီရောင်အပြင်အဆင်
ကြောင့် ပိုထင်ပေါနေ၏။ မျက်လုံးတောက်တောက်လေး
ဖြင့် ဝမ်ရိပေါကိုကြည့်နေတဲ့ပုံစံက အိပ်ယာထဲကနေ
မထနိုင်အောင် ဆွဲလုပ်ပစ်ချင်စရာ သိပ်ကောင်းနေပါလျက်...၊

"ကြည့်လို့ဝပြီလား ဝမ်ရိပေါ ၊ ဘယ်လိုလဲ
ငါချောတယ် မဟုတ်လား"

"နောက်ကျနေပြီ သွားမယ်"

"ဟွန့်  ငါကတော့သူမျက်နှာကြီးအောင် သေသေသပ်သပ် ဝတ်ဆင်ထားတာကို ရေခဲရိုက်အသံနဲ့ အမိန့်လာပေးနေတယ် နောက်ခါဆို ယီးမှ အခုလိုမဝတ်ဘူး"

နှုတ်ခမ်းလေး ထော်လန်ကာ ပွစိပွစိ ပြောနေတဲ့
ရှောင်းကျန့်ကို ဝမ်ရိပေါမသင်္ကာတော့ဘူး။

ရှောင်းကျန့်က တမင်တကာများ သူ့ကို
အိပ်ယာပေါရောက်အောင် ဆွဲဆောင်နေတာလား။

ရိပေါ ရှောင်းကျန့်ကို မေးလိုက်သည်။

"ဒီနေ့ ကိုယ်နဲ့အပါးတို့ဆီ မလိုက်ချင်ဘူးလား"

ဝမ်ရိပေါ အမေးကြောင့် ရှောင်းကျန့် တစ်ခန ငြိမ်သွားတယ်။

အမ် ဒါဆို ဝမ်ရိပေါက ငါ့ကို ယောက်္ခထီးဆီ ခါသွားမှာပေါ့၊

ယောက်္ခထီးနဲ့တွေ့ရမဲ့ Feelingက ဘယ်လို နေပါလိမ့်နော်။

______Owner.

"အားးး မရောက်သေးဘူးလား ရိပေါ "

ရှောင်းကျန့် စိတ်မရှည်တော့ပါ ၊ သူတို့ ထွက်လာတာ မနက်ကနေ  ညနေစောင်းတောင် ရောက်နေပြီ ၊ခုထိ လိုရာခရီး မရောက်သေးဘူး။

Owner: [Completed]Where stories live. Discover now