Part 5(20.2.Sat)

3.1K 282 7
                                    

"အာ့၊  ချီး ၊ ငါ့ခါးကျိုးပြီလာမသိဘူး ဟိုခွေး...မဟုတ်ဘူး၊ ဟိုဝံပုလွေကောင် ဆေးသွားယူတာ အဲ့လောက်တောင် ကြာရလား"

ရှောင်းကျန့်ရဲ့  အော်သံကြောင့် ဝမ်ရိပေါကလည်း
အပြင်ကနေလှမ်းအော်သည်။

"လာပြီ လာပြီ ရှောင်ပေါက်ရေ "

အမှန်တော့ဆေးထာတဲ့နေရာက အဝေးကြီးမဟုတ် ၊ဝမ်လင်ယောကျာ်းနှစ်ဦးရဲ့ အခန်းဘေးမှာ။

"အင်ကျီချွတ်ပြီး ကုန်းလိုက် ရှောင်ပေါက်"

"ကုန်းလို့မရဘူး ကုန်းရင် ပိုနာတယ်၊ မှာက်ဘဲ မှောက်လိုက်တော့မယ် မြန်မြန်လာကွာ"

အနီးအနားက ဖြတ်သွားတဲ့ အစေခံတစ်စုကတော့၊
ရှောင်းကျန့်ရဲ့အော်သံကြောင့် မျက်နှာတွေ နီသွားကြလျက် ၊ အကြီးအကဲတစ်ယောက်  မြေးချီရတော့မှာဟု တီးတိုးပြောသွားကြသည်။

"အာ့ အားး အရမ်းမဖိနဲ့ ဝမ်ရိပေါ"

"သွေ့ပုချီ သွေ့ပုချီ ၊ ကိုယ်ဖြေးဖြေးဘဲ
ဖိပါ့မယ့်"

ဝမ်ရိပေါ ရှောင်းကျန့်ခါးကို လက်နဲ့ဖိပြီး ဆေးလိမ်းပေးနေသည်။ ရိပေါ အရမ်းမဖိပေမဲ့ အကြောညှက်နေတဲ့ ရှောင်ပေါက်က တကယ်ထိသွားပုံ ပေါ်သည်။

အမွေးတိုင် တစ်တိုင်စာ အကြာမှာတော့ ဆေးလိမ်းခြင်း အမှုပြီးဆုံးသွားပြီ ဖြစ်သည်။

"ပြီးပြီ ပြီးပြီ ၊ ဒီအတိုင်းလေး ခနမှောက်ထားနော် ရှောင်ပေါက် ဆေးအာနိသင် မပြယ်အောင်လို့"

"အင်းး အင်းး"

တိုးတိုးညှင်းညှင်း ပြန်ဖြေသံကြောင့် ဝမ်ရိပေါ လှဲနေတဲ့ ရှောင်ပေါက်ကို ငုံ့ကြည့်လိုက်တော့ ပါးစပ်ကြီးဟလို့ ရှောင်ပေါက်က အိပ်ပျော်နေပြီ။

"မင်းက ချစ်ဖို့ကောင်းတယ် "

______Owner.

"စာဖိုးချက်ကြီး ရှောင်ပေါက် အတွက် ငါးပေါင်းလေး
ပြင်ဆင်ပေးထားပါအုံး ၊ ကျွန်တော် အကြီးအကဲဆီက အပြန် ဝင်ယူမယ်"

"ဟုတ်ကဲ့ သခင်လေး"

ထွက်သွားတဲ့ ဝမ်ရိပေါကို ကြည့်ပြီး စာဖိုချက်ကြီးက တွေးစစနဲ့ စကားအချို့ ပြောလာသည်။

Owner: [Completed]Where stories live. Discover now