Part 15(12/5/Wed)

1.7K 155 1
                                    

"ရှောင်ပေါက် ကလေးလေး အဆင်ပြေရဲ့လားဟင်"

What! TF!!

"အေ နက်ဖန်ကျရင် သေတော့မှာမို့ ပိတ်စ အဖြူချုပ်ထားလိုက်လို့ရပြီ"

"အာ အဲ့လိုဆို ရှောင်ပေါက်ကလေးလေး ကျွန်တော်သွားပြီနော်။ ကျွန်တော့ဦးဦးရဲ့ ကိုယ်တိုင်းလေးသွားယူမလို့"

အခန်းပေါက်ဝနားရောက်နေတဲ့ သကောင့်သားကို
ရှောင်းကျန့် ဘေးမှာရှိတဲ့ ဆီမီးခွက်နဲ့ ကောက်ပေါက်လိုက်တယ်။

"ခွေးကောင် ကိုယ့်မရီးတစ်ယောက်လုံး သမားတော်ခေါ်ပြထားရတာကို စောက်ခွက်လာပြောင်နေသေးတယ်၊ ငါထုလိုက်ရ"

ကောက်ပေါက်ပြီးပါပြီ မရီးရယ် ကျွန်တော်အရှောင်ကောင်းလို့သာပေါ့။နို့မို့ဆို ဦးဦးချစ်ရတဲ့ ကျွန်တော့မျက်နှာလေး ချစ်ဖို့မကောင်းတော့ဘူး ဖြစ်နေရော့မယ်။

"ဟုတ်ပါပြီ မနောက်တော့ဘူး။ ဒါနဲ့ မရီး ဘာလို့ သမားတော်ခေါ်ပြရတာလဲဆိုတာကော သိရဲ့လား"

ပြုံးစစနဲ့ အမေးဆိုလာတယ်၊ ဘာလဲဟ။

*ဒီတစ်လော မင်းအကိုကို စိတ်တိုရတာ များနေလို့လေ*

ရှောင်းကျန့်စိတ်ထဲကဘဲ ပြန်ပြောလိုက်တယ် သူ့မတ်လေးရှေ့မှာတော့ ပြန်ဖြေတာက တစ်မျိုး။

"အစားအသောက် ခံတွင်းမတွေ့လို့ အစားသိပ်မစားဖြစ်ဘူးလေ ။အဲ့ကြောင့် ကိုယ်ခံအားနည်းသွားတာနေမှာ"

"မသိခက်မယ် မရီးရယ် မရီးလမ်းကွတကွတ လျှောက်ရတာများပြီး သမားတော်ခေါ်ပြရတာကိုများ ဟွန်းး။ ကျွန်တော်မပြောနဲ့ ကျွန်တော့်ဦးဦးတောင်သိတယ် ဟားး ဟားး ဟားး"

"ခွေးသားလေ သိရင်လည်း အလိုက်တသိတိတ်တိတ်လေးနေပါလား ။ အဲ့ဒီလိုကြီး ပေါ်တင်ပြောမှ ရမှာလား "

"ဟိုးး! ကျွန်တော်ပြောတဲ့ထဲမှာ ပေါ်တင်တစ်ခွန်းမှမပါပါဘူး။ " 

"မင်းဦးဦးလာမှ ငါ တိုင်ပြောပြစ်မယ် "

ကြောက်စရာ အပြုံးကြီးနဲ့ ရှောင်းကျန့်က ပြောင်စပ်စပ်အခွက်နဲ့ ဖေးယွီကို  ပြန်လှန်တယ်။

Owner: [Completed]Where stories live. Discover now