Part 17(20/5/Thu)

1.5K 149 0
                                    

ရက်တွေက တစ်ရွေ့ရွေ့ ပြောင်းလဲနေတယ်။
အချိန်က တစ်ဖြည်းဖြည်း ပူလာကြောင်းပြနေပြီ။

(AN- ဗိုက်)

ချန်းဖေးယွီငလည်လေးကလည်း အသက်ပြည့်သွားပြီး....၊ပူပူနွေးနွေးလက်ထပ်ထားတဲ့ အိမ်ထောင်သည်ပေါက်စလေးဖြစ်သွားပြီ ဆိုပါတော့ ။

လော့ယွင်ရှီးနဲ့ ချန်းဖေးယွီက အိုအယ်တောင်ကုန်းရွာလေးမှာ နွေးထွေးမှုအပြည့်နဲ့ ရှုံချခြင်းကင်းတဲ့ ပျော်ရွှင်ဖွယ်ရာလက်ထပ်ပွဲတစ်ခုကို လှလှပပပုံဖော်ခဲ့တယ်။

လော့ယွင်ရှီးက အေးချမ်းတဲ့နေရာတွေကို နှစ်သက်တယ်။ ချန်းဖေးယွီက လော့ဦးဦးရဲ့အကြိုက်ကို ဖြည့်ဆည်းပေးတယ် ။

ဝမ်ပါးနဲ့ ချန်ပါးကတော့ ဗိုက်ပူလေးဆီသွားလိုက်။
ချွေးမအသစ်ကလေးရဲ့ ကောင်းမွန်တဲ့ဟင်းချက်လက်ရာလေးကို စားလိုက်နဲ့  ဟုတ်တော့ဟုတ်နေပါပြီ။

ဒါပေမဲ့ သူတို့ရဲ့သားငယ်လေးက သူရဲ့ခင်ပွန်းလေးကို အရမ်းသဝန်တိုတာ။ တော်တော်ကြီးကို ။

ဥပမာ - လော့ယွင်ရှီးသွားတဲ့လမ်းမှာ ခွေးပေါက်စလေးတစ်ကောင်ရှိတယ်ဆိုပါစို့ ။ အဲ့ခွေးလေးကို လော့ယွင်ရှီးက ခေါင်းလေးပွတ်ပေးပြီး ချစ်ဖို့ကောင်းတယ်လို့ပြောလိုက်ကြည့် ၊ အဲ့ခွေးလေးက နောက်ရက်ရောက်ရင် မျက်လုံးနှစ်လုံးမှာ မဲမဲအကွင်းကြီး လုံးဝကိုသေချာပေါက်ရှိနေလိမ့်မယ်။

ပြီးတော့ ရှိသေးတယ်။ လော့ဦးဦးဆိုပြီး လာချွဲတဲ့ ရွာထဲကကကလေးလေးတွေ ဆိုလည်း  ကတုံးလေးတွေဖြစ်ကုန်ကြပြီ ။ သူ့ရဲ့ဦးဦးမှာ ကလေးလေးလို ချွဲမဲ့သူ သူတစ်ယောက်လုံးရှိတယ်။ မင်းတို့ လာချွဲစရာ မလိုဘူးတဲ့လေ:3

မိတ်ဆွေတို့။

အိုအယ်တောင်ကုန်းရွာကိုရောက်ရင် သင်တွေ့ရပါလိမ့်မယ် ။ ကလေးကော ခွေးပါမကျန် ကြောက်ပြီးရှောင်ရတဲ့ အိမ်ထောင်သည်ပေါက်စ အဆိုးလေးချန်ဖေးယွီဆိုတဲ့ ကောင်လေးကိုပေါ့  :TT

အဆိုးလေးက သူ့ရဲ့လော့ဦးဦးကို အရမ်းချစ်တာ။
သဝန်တိုကလည်းကြမ်းသေးတယ်။

Owner: [Completed]Where stories live. Discover now