Part-3(2.4.Thu)

4K 345 9
                                    

မင်္ဂလာအခန်းအနားတွင် ဖြစ်သည်။

"ဇနီးမောင်နှံနှစ်ယောက်..."မိုးမြေကိုကန်တော့ပါ"

"........"(🙇‍♂️🙇‍♂️)

"လူကြီးမိဘကို ကန်တော့ပါ"

"........."(🙇‍♂️🙇‍♂️)

"ဇနီးမောင်နှံ အပြန်အလှန်ကန်တော့ပါ"

"........."(🙇‍♂️🙇‍♂️)

"ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသေရည်ကို
အတူတူမျှသောက်ပါ"

ရှေ့က ဦးလေးကြီး တိုင်ပေးတဲ့ အတိုင်း လိုက်လုပ်နေရတဲ့ ရှောင်းကျန့် ဘဝက သိပ်တော့ အဆင်မပြေပါ။

သောက်ရေးထဲ ၊ ပူပါတယ်ဆို ပဝါခေါင်းဆောင်းကြီးက အုပ်ထားရသေးတယ်။

"မင်္ဂလာမောင်နှံ နှစ်ယောက်ကို ကောင်းကြီးပေးဖို့
အကြီးအကဲ  ဝမ်ကျိုကို ဖိတ်ခေါအပ်ပါသည်"

ရှေ့က ဦးလေးကြီးရဲ့  ဖိတ်ခေါ်သံကြောင့် ရှောင်းကျန့် ဝမ်ရိပေါနား တိုးကပ်သွားလိုက်သည်။

"ဝမ်ရိပေါ ဝမ်ကျိုဆိုတာက ဘယ်သူတုန်း"

"တိတ်တိတ်နေ အကြီးအကဲ လာနေပြီ"

ရှောင်းကျန့်ကြည့်ချင်ပေမဲ့ ပဝါထူထူကို ခေါင်းမှာဆောင်း
ပြီး မျက်နှာကို ဖုံးထားရတဲ့ အတွက်ကြောင့် ကြည့်လို့မရပါ၊

ဒီဖေ ၊ ဒီပဝါက ဘာလို့အဲ့လောက်ထူပြီး လေးနေရတာတုန်း၊ တခြား  သတိုးသမီးတွေ ဖုံးတဲ့ ပဝါဆို ပါးပါးလေးပါ၊ ချီး ! ငါ့ကျမှ ဘာလို့ လဲ ။

"ဒီဇနှီးမောင်နှံနှစ်ယောက် ကမ္ဘာဆုံးထိတိုင် မခွဲမခွာဘဲ
ဖြစ်လာသမျှပြသနာကို အတူတူရင်ဆိုင်ကာ အရာရာကို ဖြတ်ကျော်နိုင်တဲ့  မင်္ဂလာမောင်နှံဖြစ်လာကြပြီး ၊ မိုးနတ်မင်းကြီးက ကောင်းချီးပေးပါစေကွယ် "

ဝမ်ရိပေါနဲ့ ရှောင်းကျန့် အကြီးအကဲကို ဂါရဝ ပြုလိုက်သည်။ ထို့ နောက်မှာတော့ မင်္ဂလာပွဲ အထမြှောက်သွားပါပြီ ဆိုတဲ့ ကြေငြာသံက သာသာယာယာ မြည်ဟီးလာခဲ့သည်။

.....

.....

.....

"ငါရေဆာလိုက်တာ ၊
ဝမ်ရိပေါရဲ့ အခန်းထဲမှာ ရေလေးဘာလေးတောင်
မထားထားဘူးလား မှန်းစမ်း"

Owner: [Completed]Tempat cerita menjadi hidup. Temukan sekarang