Part 14 (7/5/Fri)

1.7K 158 7
                                    

အရောင်အသွေးစုံလင်လှပတဲ့ ပျိုမေလေးများနှင့်  တည်ကြည်ခန့်ညားစွာဝတ်ဆင်ထားတဲ့ ကောင်ချောလေးများက ဟိုတစ်စုဒီတစ်စု ၊ စိတ်လှုပ်ရှားစွာ ဟိုဒီပြေးလွှားနေကြသည်။

အပြုံးတွေက တောက်ပနေလျက်၊
မျက်ဝန်းတွေက ပိတိကို ဖုံးမထားနိုင်ဘူး။
သေချာတယ်၊ ဒါပေါ့ ။ ဖူးစားရေးပွဲတော်ရောက်ပြီ။

မိန်းမပျိုလေးများရဲ့ တစ်ခစ်ခစ်ရီသံနဲ့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည့် စကားသံများက လမ်းတစ်လျှောက် ပျံ့လွင့်နေသည်။

အဝေးတစ်နေရာမှာတော့ မိုးပြာရောင်ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့  ကြည့်ကောင်းလွန်းလှတဲ့ ကောင်ချောလေးတစ်ယောက်ရှိတယ် ။

ထိုကောင်ချောလေးရဲ့နံဘေးမှာတော့ စူပုတ်ပုတ်ရုပ်နဲ့ အဖြူရောင် ဝတ်ရုံ ဆင်မြန်းထားသည့် ကိုလူချောတစ်ယောက်လည်း ရှိတယ်။

ကောင်းကင်ပေါ်ကနေ ပန်းရောင်စုံကျလာတဲ့အချိန်က ဒီပွဲတော်ရဲ့ အဓိက အချိန်အခါဖြစ်သည်။

"ဟေ့ ဟိုမှာရှိနေတာက အကြီးအကဲအိမ်တော်က ချန်းသခင်လေးမဟုတ်လား"

"ဟုတ်တယ်လေ ဒါနဲ့ ဘေးကအဖြူရောင်ဝတ်ရုံနဲ့ လူချောလေးက ဘယ်သူပါလိမ့်နော် "

"ဘယ်သူလဲတော့မသိပေမဲ့ ဒီနေ့ငါ့ရဲ့ဖူစားဖက်သာဖြစ်လိုက်ပါတော့လား ခီခ်"

"အဲ့လိုလူကိုသာ ခင်ပွန်းတော်ရရင်တော့ ငါကိုယ်တိုင် ပိုက်ဆံထွက်ရှာပြီး ဖူးဖူးမှုတ်ထားမှာ ဟစ်ဟစ်"

ပိတိတွေဖြာ ဝါဂွမ်းတွေဖုံးလို့ လူချောလေးကို ငမ်းနေတဲ့ မိန်းမပျိုတစ်စုက ကောင်လေး တစ်ယောက်ရဲ့ရေခဲတောင်ဖြစ်သွားစေမဲ့ အကြည့်ကို မခံစားမိတဲ့အတိုင်း ပြောချင်တာပြောပြီး တစ်ခစ်ခစ်ရီကာ ထွက်သွားကြလေရဲ့။

အဖြူရောင် ဝတ်ရုံနဲ့ အမျိုးသားက မိန်းမပျိုလေးတွေသာမက သခင်လေးတွေရဲ့ ကွက်ကြည့်ကွက်ကြည့်နဲ့ အာရုံစိုက်မှုကို ရယူထာလေပြီး နီဆွေးဆွေးနှုတ်ခမ်းနှစ်လွှာနဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံက လူကိုအလိုလိုရှိန်စေသည်။

Owner: [Completed]Where stories live. Discover now