Part 4(19.2.Mon)

3.5K 323 9
                                    

ရှောင်းကျန့် တစ်ယောက် လင်ရသွားတာ ဘာလိုလိုနဲ့  ဆယ်ရက်လောက် ရှိသွားပြီ။

ဒီအတောအတွင်း ရှောင်းကျန့် ဝမ်ရိပေါနဲ့ ရင်းနှီးသင့်သလောက်တော့ ရင်းနှီးနေပြီရယ်။

"ဝမ်ရိပေါ မြန်မြန်လေးလာခဲ့ မမှီဘဲနေလိမ့်မယ်"

ဒီကနေ့  မီးပုံးမျှောပွဲရှိတာကြောင့် ရှောင်းကျန့်နဲ့ ဝမ်ရိပေါ  မီးပုံးသွားမျှောကြမှာ ဖြစ်သည်။

"Yes"

"အပေါထပ်မဝတ်ခဲ့ဘူးလား ရိပေါ"

"NO"

"ဒီနေ့ရာသီဥတုက အေးတယ်နော် ရိပေါ "

"Yes"

"မင်းငါ့ကို အဲ့တာဘဲပြောနေတော့မှာလား
ဝမ်...ရိ....ပေါ"

"No"

အေးအေး မင်းလိုအချေကောင်ကို အင်္ဂလိပ်စကားသင်ပေးမိတဲ့ ငါရှောင်းကျန့်ရဲ့ စောက်မှားဘဲ။

ဟိုတလောက ရှောင်းကျန့် ဝမ်ရိပေါရဲ့အမေးကို Yesလို့
တစ်ခွန်းဖြေလိုက်မိရာက စသည်။

ဝမ်ရိပေါက စိတ်ဝင်စားသလို ပုံပေါ်တာကြောင့် ၊
ရှာင်းကျန့်လည်း Yes နဲ့ No အကြောင်းနည်းနည်းရှင်းပြလိုက်ဖြစ်တယ်။ 

နဂိုကတည်းက "အင်းး " တစ်လုံးဘဲဖြေပါတယ်ဆို၊
Yesနဲ့ Noပါ သင်ပေးလိုက်တော့ အချေကောင်တို့က
သဘောတွေ့နေပြီလေ ။

"မင်းကအရှေ့ကသွား ရိပေါ ၊ ငါမင်းနောက်ကလိုက်ခဲ့မယ်"

ရှောင်းကျန့်ပြောလိုက်တော့ ဝမ်ရိပေါက ခေါင်းခါကာ သူ့လက်ဖဝါးကြီးကြီးကို ဖြန့်ပေးလာတယ်။

"မင်းက  လက်တွဲပြီးသွားချင်တာလား"

"Yes"

ဟိုကြည့် ဒီကြည့်နဲ့ ရှောင်းကျန့်တို့ ဈေးကို ရောက်သွားသည်။

"ဟိုမှာ မီးပုံရောင်းတဲ့ဆိုင်မလား ရိပေါ "

"အင်း  ရှောင်ပေါက်က အဲ့ဆိုင်က မီးပုံးပုံစံကြိုက်လို့လား"

"အင်း မဆိုးဘူး "

"ဒါဆိုလာလေ သွားဝယ်မယ် "

"Ok"

လက်ညိုးနဲ့ လက်မကို အဝိုင်းပုံစံလုပ်ပြီး ၊
မတောက်တစ်ခေါက်Eစာနဲ့ ဗိုလ်လိုမှုတ်နေတဲ့ရှောင်းကျန့်၊

Owner: [Completed]Where stories live. Discover now