Chance : 9

2.5K 214 4
                                    


Unicode

Taehyungထိုသူရှေ့မှထွက်လာခဲ့လိုက်သည် ထိုအမည်မသိလူကြီးကတော့ဘာမှပြန်မပြောဘဲ taehyung ကျောပြင်အားကြည့်ကာ အဓိပ္ပါယ်ပါပါပြုံးလိုက်တော့သည်

Taehyung​​ အပျင်းပြေလမ်းလျောက်ထွက်လာတာမို့သူ့တွင်ငွေများများစားစားရယ်လို့မပါပေ ထို့ကြောင့်ရှိတဲ့ပိုက်ဆံလေးနဲ့ထမင်းလိပ်ဝယ်ကာ မြစ်တစ်စင်းဘေးကခုံ၌ဝင်ထိုင်၍သဘာဝအလှတရားတို့အားရှုစားလိုက်သည် ဒီမြစ်လေးသည်သူတို့နိုင်ငံကဟန်မြစ်နဲ့ပင်တူသည် သို့သော်ဒီမှာဘယ်လိုခေါ်လဲတော့သူမသိပေ taehyung ခုံမှာထိုင်နေတုန်း အလွန်ချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ဟာသူ့ရှေ့သို့ရောက်လာတဲ့အနီရောင်ဘောလုံးလေးအားလာကောက်ကာ သူ့အားပြူးပြူးလေးကြည့်နေသေးသည် taehyung ကလေးချစ်တက်တာမို့ ထိုကလေးအားပြုံးပြကာ သူ့အိပ်ထဲကသကြားလုံး3လုံးအားထုတ်ပေးလိုက်သည်
ထိုကလေးလေးကသူ့ဆီလာကာသကြားလုံးများကိုယူပြီး ထိုသကြားလုံးများအားစိုက်ကြည့်ကာရပ်နေသည် သူထိုကလေးပခုံးနှစ်ဖက်အားကိုင်လိုက်တော့ထိုကလေးကသူအားမျက်လုံးဝိုင်းဝိုင်းလေးများနဲ့ပြန်မော့ကြည့်လာသည် သူမနေနိုင်စွာထိုကလေးပါးအားဆွဲကာဆိုလိုက်သည်....

" နာမည်ဘယ်လိုခေါ်လဲ ကလေးလေး "

" ကျွန်နော့ နာမည်ကခရေးရေး မဟုတ်ဝူး
Lee gun soung "

" ဟုတ်ပါပြီ သကြားလုံးလေးကိုဘာလို့မ
စားသေးတာလဲ "

" ပြောပါဝူး ကိုကိုချောချောကစပ်စု
လိုက်တာ "

Taehyung သူ့ကိုထိုကလေးကချီးမွမ်းတာလား အပြစ်တင်တာလားမသဲကွဲပေ သူသိတာတော့သူဟာတော်တော်ချောနေလို့ဖြစ်မယ်.....သူထိုအတွေးကြောင့်ကျေနပ်အားရစွာပြုံးလိုက်တယ်

" ကိုကိုချောချောနာမည်ကကောဘာယဲ "

" kim taehyungသေချာမှတ်ထား "

" ကိုကိုချောချောကိုကြည့်ရတာ အထီး
ကျန်နေပုံပဲ "

ထိုကလေးကပြောရင်းဆိုရင်းသူ့ဘေးနားသို့
ဝင်ထိုင်လိုက်သည်

' ဟက်!ခုဏကတော့ငါ့ကိုစပ်စုတယ်တဲ့အခု
ဘယ်သူကစပ်စုနေတာလဲ '

Chance ( Complete )Where stories live. Discover now