Chance : 37

2.7K 199 0
                                    

Unicode

"ကျွန်တော်ပြောနေတယ် ဖယ်!!!!"

        ရုတ်တရပ်ဆိုသလို jungkook wolf အသွင်ပြောင်းလိုက်တာမို့ jungkook အမေပါအသွင်ပြောင်းလိုက်သည်....အဲ့ဒီနောက်မှာတော့ jungkook ကအရင်စတိုက်ခိုက်တော့သည်....jungkook အမေကတော့ taehyung ဆီမရောက်စေရန်အစွမ်းကုန်သူ့သားအားတားနေရသည်...အမေတစ်ယောက်အနေနဲ့သားဖြစ်သူကိုနာအောင်မလုပ်ရဲပေမဲ့ jungkook ကတော့ လူစိတ်ပျောက်နေသည်မို့ သူ့အမေအားအသေအကြေတိုက်ခိုက်တော့သည်......

       Taehyung တစ်ယောက်အပြင်မှာတိုက်ခိုက်သံများကြားနေပေမဲ့ သူကလေးမွေးဖို့ကိုသာတစ်ယောက်တည်းလုံးပန်းနေရသည်...အမွှာဖြစ်တာကြောင့် taehyung အစွမ်းကုန်ကြိုးစားနေပါသော်လည်း သွေးများကဒလဟောစီးကျကာ သူ့လက်များတွင်ပင်သွေးမရှိတော့သယောင် သူ့တစ်ကိုယ်လုံးဖြူဖျော့လာတော့သည်.....

"အာ့!"

      Hanmi(jeon's omma)တစ်ယောက်သူ့သားကိုင်ပေါက်လိုက်တာကြောင့် သစ်ပင်နဲ့ကျောနဲ့ကျကာအောင့်သွားသည်...သို့သော်လဲကျနေရာကသူပြန်ထလိုက်သည်...jeon မျိုးနွယ်ကိုကာကွယ်ရမှာသူတို့တာဝန်သာ....

"ဝေါင်း!"

     Hanmi သူ့သားကိုပြန်ခုန်အုပ်ကာ ဂုတ်ကျောအားအသေအကြေကိုက်ထားပေမဲ့ သူ့သားကအရှိန်ပြင်းပြင်းနဲ့ကျောက်ဆောင်နဲ့ဝင်တိုက်လိုက်တာကြောင့်သူ့မှာလဲကျသွားကာ လူပုံပြောင်းသွားတော့သည်....jungkook ကသူ့အားစိုက်ကြည့်နေပြီး သူ့လက်သည်းများနဲ့ကုတ်ခြစ်လိုက်တော့သည်.....

.
.
.
.
.
.
.
.
.
.

"Mr. Jeon!!"

     အော်သံတစ်ခုနဲ့အတူ သူ့ဆီပြေးလာသော ဝံပုလွေနှစ်ကောင်...သူရှေ့ကလိုင်ကန်အားသတ်ကာ သူ့အားတစ်နေရာသို့ခေါ်သွားတယ်

"ကျွန်တော့်က Min yoongi သူက park jimin"

"မင်းတို့ဘာလို့ဒီကိုလာတာလဲ...မင်းတို့အဖေကောသိရဲ့လား"

"Mr. Jeon အခုချိန်မှာအဲ့စကားမပြောပါနဲ့ ကျွန်တော်တို့လည်းတက်နိုင်တဲ့ဘက်ကကူညီပါရစေ"

"....မင်းအဖေကော"

"သူတို့အရှေ့ဘက်ကိုသွားပြီးအကူအညီတောင်းနေတယ်"

Chance ( Complete )Tempat cerita menjadi hidup. Temukan sekarang