Chance : 24

2.1K 178 1
                                    

Unicode

Taehyung မနေ့ညကစောစော အိပ်ပျော်သွားတာမို့ မနက်စောစောနိုးလာခဲ့သည် သူနိုးလာတော့ သူ့ဗိုက်အားဖိထားသောအရာတစ်ခုကြောင့်စိတ်ကျဥ်းကျပ်လာတော့သည် သို့သော်ရလာသောမွေးပျံ့ပျံ့ရနံ့တစ်ခုကြောင့် သူ့စိတ်ဟာကြည်လင်လို့လာခဲ့တယ် သူမျက်လုံးများဖွင့်ကြည့်လိုက်တော့ သူ့ဗိုက်အားဖက်ထားသောလက်တစ်စုံ ညာဘက်လက်မှာ tattoo အပြည့်နဲ့ပင် သူ့အားတင်းကြပ်စွာဖက်ထားသည်...သူနောက်လှည့်ကြည့်မိတော့ jungkook ကအခုထိ အိပ်နေတုန်းပင် အခုလိုကျတော့လည်း ကလေးလေးတစ်ယောက်လိုပဲ လက်က tattoo နဲ့မှ မလိုက်...taehyung jungkook မျက်နှာအားကြည့်ရင်း စိတ်ထဲမှလည်း..ငါမင်းကိုငါ့ဘဝတစ်ခုလုံးပုံအပ်ထားတာနော်..ငါမင်းကိုစိတ်မပျက်စေဖို့မျှော်လင့်တယ် jeon......

Taehyung အတွေးနယ်ချဲ့နေရင်းနှင့်ပင် jungkook နိုးလာသည်ကိုသတိမထားမိတော့ပေ.......

"Tae.."

Jungkook ခေါ်လိုက်မှအလန့်တကြားမော့ကြည့်လာတဲ့မျက်ဝန်းတစ်စုံဟာ jungkook သဘောကျတဲ့ အရာတစ်ခုတိုးလာခြင်းပင်.....

"မထသေးဘဲ ဘာတွေတွေးနေတာလဲ"

Jungkook ကခေါင်းအုံးပေါ်တံတောင်ဆစ်ထောက်ထားပြီး မျက်နှာကိုထိုလက်ပေါ်တွင်တင်ကာမေးနေပုံက တကယ်ကိုပင် sexy ကျနေတော့သည်...သူဒီလို sexy ကျတဲ့ယောက်ျားကိုရလိမ့်မယ်လို့ စိတ်ပင်မကူးဖူးပေ...ဝါး.....

"ကိုယ့်ကိုငေးနေတာရပ်ပြီး အခုရေချိုးမှ jeju ကိုသွားဖို့အချိန်မှီမယ်ထင်တယ်နော်"

Jungkook စကားကြောင့် taehyung မှာသူခိုးလူမိသလို ရှက်ရမ်းရမ်းကာ မျက်နှာများနီလာပြီး ချက်ချင်းရေချိုးခန်းထဲသို့ပြေးတော့သည်...ရေချိုးခန်းထဲမဝင်ခင်လည်း အော်ပြောသွားသေးတယ်..ဘာတဲ့..ငါကမင်းကိုငေးနေတာမဟုတ်ဘူး..တဲ့..တော်တော်ချစ်စရာကောင်းတဲ့ ငါ့ယောက်ျားလေးပါလား......jungkook သူ့ကိုယ်သူတောင်သတိမထားမိဘဲ ပြုံးမိသည်အထိပင်.......

Taehyung ရေမိုးချိုးကာပြင်ဆင်ပြီး အောက်ဆင်းလာတော့ jeon ကမနက်စာပင်ပြင်ပြီးနေပြီ ထို့နောက်မှာတော့သူဟာ ခဏစောင့်ဟုဆိုကာ ရေချိုးသန့်စင်ရန်အပေါ်ထပ်သို့တက်သွားတော့သည်.......

Chance ( Complete )Where stories live. Discover now