Chance : 35

2.2K 180 4
                                    

Unicode

     Taehyung namjoon hyung တို့ကိုပြန်လွတ်လိုက်ပြီး အိမ်တော်ထဲသို့ဝင်လာပြီး အဘွားကိုရှာမိတယ်....အိမ်စေမလေးတွေကိုမေးကြည့်တော့ အဘွားကသတိလစ်နေတယ်တဲ့...သူလည်းအိမ်စေမလေးအကူအညီအဘွားအခန်းသို့သွားလိုက်သည်......

"Omma.."

      အဘွားအခန်းထဲရောက်တော့အဘွားကအိပ်ရာပေါ်လှဲနေပြီး jeon အမေကဘေးကပြုစုပေးနေသည်.....

"Aww taehung လေးပဲ"

"Omma...jeon ကော"

      သူမဘေးရပ်နေတဲ့အိမ်စေမလေးတစ်ဦးအားသူ့နေရာတွင်ထိုင်စေကာ စောင့်ကြည့်စေပြီး jeon အမေ ကဝရံတာကိုထွက်သွားသည်...သူလည်းအနောက်ကလိုက်သွားတော့ jeon အမေကသူ့ဘက်မလှည့်ဘဲ အပြင်ကိုသာကြည့်နေလေသည်......

"Jungkook.....သူမကောင်းဆိုးဝါးဖြစ်သွားပြီ"

"Omma ဘာလိုလုပ်ပြောရက်တာလဲ..သူကတခြားသူထိန်းချုပ်တာကိုခံထားရရုံပါ"

"သူမကြာခင်နယ်စပ်ကိုတိုက်ပွဲဖြစ်အောင်လုပ်လိမ့်မယ်"

"........."

"လိုင်ကန်( lycan )တွေနဲ့အတူ"

"........"

Lycan - လူသားမှတစ်ဆင့်ကူးပြောင်းခဲ့သော်လည်း တိရစ္ဆာန်စိတ်သာရှိပြီး လူစိတ်မရှိတော့သော werewolf

.
.
.
.
.
.
.
.

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဲမှောင်နေတဲ့တောကြီးထဲက ဂူတစ်ခုမှာ လိုင်ကန်များစုရုန်းနေကြပြီး သူတို့မျက်နှာမူရာဘက်တွင် ကျောက်ဆောင်အကြီးကြီးတစ်ခုပေါ်၌ ကောင်မလေးတစ်ဦးရှိနေသည် သူမရဲ့မျက်လုံးတွေကနီရဲနေကာ ဆံပင်ကိုအရှေ့ဘက်တွင်ကျစ်ဆံမြှီးနှစ်ချောင်းကျစ်ကာအနောက်ကိုဖားလျားချထားသည်....သူမရဲ့ခန္ဓာကိုယ်မှမကောင်းဆိုးဝါးစွမ်းအားများကလည်းလျှံထွက်နေပြီး...သူမကအပြုံးတစ်ခုကိုမျက်နှာတွင်ပန်ဆင်ထားလျက် သူမနှုတ်မမှတစ်စုံတစ်ခုအားပြောလိုက်သည်......

.
.
.
.
.
.
.
.
.
.
.
.
.
.

"မောင်~~"

သူရဲ့သာယာငြင်သာလှသောအသံဖြင့်အမည်နာမတစ်ခုအားသုံးလိုက်စဥ် သူ့ဘေးသို့လျှောက်လမ်းလာတဲ့ကောင်လေးတစ်ယောက်.......

Chance ( Complete )Where stories live. Discover now