Chance : 25

2.2K 188 1
                                    

Unicode

       Jungkook nuna ပြောတဲ့ဆိုင်အားသွားရန်ပြင်ဆင်ပြီး taehyung အားစောင့်နေလိုက်တယ်....သူ့ကောင်လေးပြင်နေတာ 1 နာရီပင်ကြာပြီယခုထိထွက်မလာသေးပေ....

      Taehyung jungkook ပြောတဲ့ somi nuna ကအတူညစာစားဖို့ဖိတ်တယ်ဆိုတည်းက သူဒီညအပီအပြင်ပြင်ဖို့စိတ်ကူးထားတာပင်...သူ့အရှိန်အဝါကို somi nuna သိအောင်သူပြသင့်တယ်လို့ထင်တယ်...ဒါကြောင့်လည်း သူအဝတ်အစားရွေးနေရတာအတွက် နာရီဝက်ကုန်သွားတော့သည်.....သူထွက်လာတော့ jungkook ကသူ့အားကြည့်နေလေသည်...သူလည်း"သွားမယ်လေ"ဟုပြောတော့ jungkook ကစကားပြန်မလာပေ သူလက်ဝေ့လိုက်တော့လည်းထိုအတိုင်းသာသူ့အားစူးစိုက်ကြည့်နေလေသည်...ကြာတော့လူကရှက်လာကာ..

"ရား!!jungkook မင်းမတ်တပ်ကြီးသေနေတာလား"

      သူ့အော်သံကြောင့် jungkook မှာအလန့်လန့်အဖြန့်ဖြန့်ဖြစ်သွားရသည်...

"Tae ဘာဖြစ်လိုလဲ"

"ဘာဖြစ်ရမှာလဲ..သွားပါမယ်ဆိုမင်းကငုတ်တုပ်ကြီးသေနေတာကို"

"အာ..sorry tae "

     Jungkook အမှန်တော့ taehyung အလှမှာနစ်မျောသွားခြင်းပင် taehyung ဝတ်ထားတာကရိုးရှင်းပေမဲ့ သူ့အရှိန်အဝါကိုလည်းပေါ်စေသည်...အဖြူရောင်ဝတ်စုံမှာ ရွှေရောင်အနားသတ်များနှင့်သူက အလွန်လှပသည်ဟုဆိုနိုင်သည်......

    Jungkook ကားမောင်းရင်းခိုးခိုးကြည့်ရတာအမော...ဟိုကတော့မသိ...ဒီကောင်လေးအလှကိုအခြားလူမြင်မှာသူမကြိုက်ပေ..ထို့ကြောင့် ဒီကောင်လေးကို ဘယ်သူမှမမြင်တဲ့နေတဲ့နေရာမှာသိမ်းထားရင်ကောင်းမလားဟုစိတ်ကူးယဥ်မိတယ်...ထိုအတွေးကြောင့်သူ့မျက်နှာဟာလည်းကျေနပ်အပြုံးများဝေဆာလာတော့တယ်....

"Tae ရောက်ပြီ ဆင်းတော့"

     Taehyung ဆင်းလိုက်ပြီး jungkook ဘေး၌အတူယဥ်တွဲကာ လျောက်လာလိုက်သည်.....ဆိုင်ထဲရောက်တာနဲ့သူတို့အရှိန်အဝါများကြောင့်အချို့ကပင်ကွက်ကြည့်ကွက်ကြည့်လုပ်လာတယ် ဒီနေရာက သူ့လိုလူငါ့လိုလူပဲလာနိုင်တာ ဆင်းရဲတဲ့သူအနားတောင်မကပ်နိုင်ဘူး သူတို့ ဆိုင်ထဲ somi nuna ကိုရှာမိတော့ အရမ်းလည်းထောင့်မကျ အရမ်းလည်းအလယ်မရောက်ပဲ အနေအထားအတော်လောက်ကဝိုင်းမှာထိုင်နေတာကိုတွေ့လိုက်ရတယ်.....

Chance ( Complete )Where stories live. Discover now