Chance : 32

2.2K 187 3
                                    

Unicode

    Jungkook hotel တစ်ခုတွင်အိပ်ရင်း taehyung မေးတာကိုစဥ်းစားနေမိသည်...သူ့အနေနဲ့တာဝန်ဆိုတဲ့အရာကိုပင်မေ့ကာ အရာရာတိုင်းကိုစိတ်ရင်းနဲ့သာလုပ်ခဲ့သည်...ဘာကြောင့်လဲသူမသိပေမဲ့ taehyung လိုအပ်တာမှန်သမျှသူဖြည့်ဆည်းချင်၍သာ...ဝန်ထုပ်ဝန်ပို... သူတစ်ခါမှ taehyung ကိုဝန်ထုပ်ဝန်ပိုတစ်ခုလို့မတွေးမိပေ...သူကသူ့ရင်ထဲကလာတဲ့အတိုင်းလုပ်ပေးရုံသာ...သူ taehyung ကိုပြောပြချင်ပေမဲ့ စကားထက်လက်တွေ့ကိုပိုသဘောကျတက်သောသူ့အတွက်တော့စကားထက် လက်တွေ့လုပ်ပြဖို့သာစီစဥ်ထားသည်... သူပြောပြမှသိတာထက် taehyung သူ့အလိုလိုနားလည်သဘောပေါက်သွားတာကိုသူသဘောကျသည်မို့ပင်.....

"ကိုယ်ကြိုးစားပြီးကိုယ့်ခံစားချက်ကိုထုတ်ပြမှာပါ ချစ်လားလို့တော့မမေးပါနဲ့ကိုယ်လည်းမသိဘူးမို့"

  Jungkook မိမိဘာသာတီးတိုးရေရွတ်မိသည်......

"လွမ်းလိုက်တာ"

.
.
.
.
.
.
.
.
.
.
.
.
.

လွမ်းတယ် jeon...မင်းအတွက်ငါကဝန်ထုပ်ဝန်ပိုတစ်ခုထက်မပိုဘူးဆိုရင်တောင် ငါကျေနပ်တယ်...

   Taehyung သူရေးထားတဲ့စာလေးအားကြည့်ကာပြုံးလိုက်သည်...ဒါသူအရင်ကခံစားချက်တစ်ခုခုဖြစ်တိုင်း စာအုပ်တစ်အုပ်မှာရေးနေကျအကျင့်ပင် အခုလည်းသူ့အကျင့်အတိုင်း စာအုပ်ထဲချရေးလိုက်သည်...သူကများသောအားဖြင့် သူ့ခံစားချက်ကိုတစ်ဖက်လူကိုမပြတက်သောကြောင့်ထိုသို့ဖြေဖျောက်ခြင်းပင်.....

ဒေါက်!ဒေါက်!

"သခင်လေးအရမ်းညဥ့်နက်နေပြီမို့ အိပ်ရာဝင်ဖို့လိုပါတယ်"

   ဒါကသူစံအိမ်ကိုရောက်ကတည်းက သူ့အားအရိပ်တကြည့်ကြည့်စောင့်ကြည့်သည်မှာ အိပ်ရာဝင်မဝင်ပါအိမ်စေတွေဟာစစ်ဆေးရသည်အထိပင်.....

"ကောင်းပြီ"

   Taehyung စာအုပ်လေးအားပိတ်ကာ ဗီဒိုထဲထည့်ထားလိုက်ပြီ သူလည်းကလေးအတွက်စောစောအိပ်လိုက်သည်......
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

   ဒီလိုနဲ့ဖြတ်သန်းလာသည်မှာ taehyung ကိုယ်ဝန် 3 လပင်ရောက်ချေပြီ ဗိုက်လေးကသူစားလွန်း၍ဝလာတာလား ဗိုက်ထွက်လာတာလားမခွဲခြားနိုင်ခဲ့ပေ......စံအိမ်ကြီးကအရင်အတိုင်းဘာမှမပြောင်းလဲပေ..jeon အမေကလည်းသူ့အားပိုပိုဂရုစိုက်လာသည် somi ကလည်း အမြဲလာနေကျပင်ဘာကြောင့်လာလည်းသူလည်းမသိပေ...စက္ကန့်တွေမိနစ်တွေနာရီတွေရက်တွေလတွေပြောင်းလဲသွားပေမဲ့ jeon ကတော့အခုထိသူ့အားမဆက်သွယ်သေးပေ......

Chance ( Complete )Where stories live. Discover now