Chance : 36

2.3K 181 2
                                    

Unicode

"မင်းပြောချင်တာက ငါတို့အချင်းချင်းအကူအညီထောင့်ပံ့တာမျိုးလား ပြီးတော့ ငါတို့ရဲဂိတ်ကိုကာကွယ်တာမျိုး"

"ဟုတ်တယ်"

"ဒါပေမဲ့ သူတို့ကိုဘယ်သူကတားနိုင်မှာလဲ မင်းပြောသလောက်ဆို သူတို့ထဲကခေါင်းဆောင်က မကောင်းဆိုးဝါးဓာတ်ရှိပြီး အချင်းချင်းသတ်ဖြတ်အောင်လုပ်ထားသလိုပဲ"

"အဲ့တာက....အဲ့တာက luna ပဲရမှာ တကယ်လို့ငါတို့တစ်ယောက်ကိုတစ်ယောက်မကူညီရင်ဂိတ်တစ်ခုပျက်စီးတာကျန်တဲ့ဂိတ်တွေပါပျက်စီးကုန်လိမ့်မယ် ဒါဆိုသူတို့ကအကုန်ဖျက်စီးပစ်တော့မှာ"

"ငါတို့မင်းကိုယုံပါတယ် ကူလည်းကူညီမှာပါ ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေပဲလေ...ဒါပေမဲ့ငါစိတ်ပူတာက ပြည်သူတွေပဲ သူတို့ကိုအသိပေးထားရအောင်"

"အင်း...ပြောင်းရွေ့ဖို့ကနောက်ကျလွန်းပြီ...မြေအောက်ခန်း​တွေမှာပုန်းနေမှရမယ်"

"အင်း"

    Jeon junghyung , Min gungjyu , Park yongso သူတို့မျိုးနွယ်သုံးခုက မြို့ရဲ့ တောင် မြောက် အရှေ့ ကိုပိုင်ဆိုင်ကြတယ်...သူတို့မျိုးနွယ်သုံးခုကဘိုးဘွားစဥ်ဆက်ကတည်းကမဟာမိတ်ဖွဲ့အပြင် ကျောင်းနေဘက်အရင်းနှီးဆုံးသူငယ်ချင်းများသာ...သူတို့ထဲကတစ်ယောက်ကိုထိတာကကျန်နှစ်ယောက်ကိုထိတာနှင့်ပင်အတူတူပေ သူတို့ရဲ့စည်းလုံးမှုကမြို့ရဲ့အာဏာအရှိဆုံးမျက်နှာဖုံးဖြစ်လာခဲ့တယ်....

"မြောက်ဘက်ကအကျများနေတယ် ဆေးအဖွဲ့အကူအညီလိုတယ်တဲ့"

"တောင်ပိုင်းကဆေးအဖွဲ့ကိုပို့ပေးလိုက်မယ်"

"အင်း"

"Park သခင်ကြီးတောင်ပိုင်းကိုလည်းဝိုင်းထားပါတယ် ထွက်လို့မရပါဘူး"

"ဒါဆိုအနောက်ဘက်ပိုင်းကလွတ်လိုက်မယ်"

"ကောင်းပါပြီ "

       သူတို့ရဲ့စခန်းလေးထဲတွင်လူများရှုပ်ရှပ်ခတ်ကာလှုပ်ရှားနေကြပြီး သခင်ကြီးများကိုယ်တိုင်ထိုကြားထဲအလုပ်လုပ်နေရသည်....

ဒုန်း!!!!

"ဘာဖြစ်တာလဲ"

"ကိုယ်သွားကြည့်လိုက်မယ်"

Chance ( Complete )Where stories live. Discover now