Chance : 17

2.3K 204 3
                                    

Unicode

Taehyung အိပ်ရာမှနိုးလာတော့ jungkook ကသူ့ဘေးတွင်ရှိမနေတော့ သူပြတင်းပေါက်ဘက်အားငေးကြည့်ရင်း တစ်စုံတစ်ခုအား စဥ်းစားနေလိုက်တယ် ဘယ်အရာကများမှားသွားပါလိမ့် jeon hae သူ့အပေါ်ခံစားချက်ရှိတာသိပေမဲ့ အခုအခြေအနေရောက်လောက်အောင် ဘယ်အရာကများမှားသွားရတာလဲ........

"Tae..!"

"Hum..."

Taehyung လှည့်ကြည့်လိုက်တော့ jungkook ကရေချိုးခန်းထဲကထွက်လာပုံပင် ဆံပင်ကိုလက်တစ်ဖက်ဖြင့်သုတ်နေပြီး bathrode ကိုခပ်လျောလျောဝတ်ဆင်ထားသောကြောင့် jungkook ရဲ့ကြံ့ခိုင်တဲ့ body structureအားအတိုင်းသားမြင်တွေ့နေရပြီး taehyung နှာခေါင်းများပူလာသလိုပင်ခံစားလာရသည်.....

"ရေချိုးချင်ချိုးလေ အက်ျီကိုတော့ကိုယ့်အက်ျီပဲအရင်ဝတ်ထားဦးပေါ့ နောက်မှ tae တိုက်ခန်းမှာသွားယူကြတာပေါ့"

"အင်း"

Taehyung ရေချိုးခန်းထဲသို့အ​​မြန်ဝင်ပြီး ရေမိုးချိုးကာ ခုဏကအဖြစ်အပျက်အားရေအေးနဲ့ဆေးချလိုက်တော့သည် taehyung ထွက်လာတော့ jungkook အားမတွေ့တော့ပေ သို့သော်စကားပြောသံတိုးတိုးကိုတော့ကြားနေသဖြင့် ဝရံတာဖက်မျက်စိကစားမိတော့ jungkook ကတစ်စုံတစ်ယောက်နဲ့စကားပြောနေပုံပင် taehyung အဝတ်အစားရှာကာမိမိနဲ့တော်မည်ထင်တဲ့အဝတ်များကာဝတ်ကာ ဝရံတာဖက်ထွက်လိုက်တော့ မထင်မှတ်ပဲကြားလိုက်ရတဲ့ စကားတစ်ချို့ကြောင့် taehyung ရပ်ပြီးနားထောင်နေမိတယ်.....

"Nuna ကျွန်တော်တောင်းပန်ပါတယ်"

"Nuna ရယ် မငိုပါနဲ့ အဲ့ကိစကမရည်ရွယ်ဘဲဖြစ်သွားတဲ့အမှားတစ်ခုပဲလေ......nuna ကျွန်တော့်ထက်ကောင်းတဲ့သူနဲ့တွေ့မှာပါ......miyanae...ကျွန်တော် nuna ကိုအဲ့တာပဲပြောနိုင်လို့........."

တစ်ဖက်ကဖုန်းချသွားတဲ့အထိ jungkook ဖုန်းအားကြည့်နေမိတယ် မိဘတွေအထိသိထားတဲ့ သူတို့အခြေအနေကြောင့် nuna ကိုသူအားနာမိတယ်...jungkook တစ်ဖက်ကိုလှည့်လိုက်တော့ taehyung အား ပြတင်းပေါက်နားရပ်နေသည်ကိုတွေ့လိုက်ရသည် သူလည်းတစ်စုံတစ်ခုအားတွေးသောနေဟန်....

"Taehyung...."

"Oh!ငါခိုးနားထောင်ဖို့မရည်ရွယ်ပါဘူး ငါမင်းကိုမနက်စာစားဖို့လာခေါ်တာ"

Chance ( Complete )Where stories live. Discover now